Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ခြေရှုပ်မိတဲ့အမျိုးသမီးကတရုတ်သူလျှိုမှန်းမသိခဲ့ဘူးလို့အမေရိကန်နည်းပညာကုမ္ပဏီကြီးရဲ့အမှုဆောင်ချုပ်ဖွင့်ဟ

ကုမ္ပဏီရဲ့ရှယ်ယာတန်ဖိုးဟာ ၇ လအတွင်းအနိမ့်ဆုံးအဆင့်ထိကျဆင်း

ဓာတ်ပုံ - Reuters

နိုဝင်ဘာ – ၁၀၊၂၀၂၆

Nvidia ကုမ္ပဏီ အမှုဆောင်ချုပ် ဂျန်ဆန်ဟွမ်က သူနဲ့ ဇာတ်လမ်းရှုပ်မိခဲ့တဲ့ အမျိုးသမီးဟာ တရုတ်စပိုင်မှန်း မသိခဲ့ဘူးလို့ ပြောပြခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဆိုပါတယ်။

ဟွမ်ဟာ စင်ကာပူ အခြေစိုက် ကုမ္ပဏီ တစ်ခုရဲ့ အမှုဆောင် အမျိုးသမီး တစ်ဦးနဲ့ လူမှုရေး အရှုပ်အထွေးတွေ ရှိခဲ့ပြီး အဲလစ်ဟွမ်လို့ခေါ်တဲ့ အဲဒီ အမျိုးသမီးဟာ တရုတ်သူလျှို တစ်ဦးဖြစ်ကြောင်း အမေရိကန် မီဒီယာတွေက ဖော်ပြလာပါတယ်။

အမေရိကန် ထောက်လှမ်းရေးကလည်း အဲဒီအမျိုးသမီးဟာ တရုတ်က လေ့ကျင့်ပေးထားတဲ့ သူလျှိုတစ်ဦးလို့ ယုံကြည်ရကြောင်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

Nvidia ကုမ္ပဏီက ထုတ်လုပ်တဲ့ အဆင့်မြင့် ချစ်ပ်တွေဟာ ဉာဏ်ရည်တု (AI)နည်းပညာ လေ့ကျင့်ရေးနဲ့ အဆင့်မြှင့်တင်ရေးအတွက် အထူးအရေးပါတဲ့ အခြေခံ လိုအပ်ချက်တွေ ဖြစ်နေတာကြောင့် အဲဒီချစ်ပ်တွေကို တရုတ်ဆီ ရောင်းချခွင့်ကို အမေရိကန် အစိုးရက ပိတ်ပင်ထားပါတယ်။

ဒါပေမဲ့ ဟွမ်နဲ့ ဇာတ်လမ်းရှုပ်ခဲ့တဲ့ အမျိုးသမီးကတော့ သူ့ရဲ့ စင်ကာပူ အခြေစိုက် ကုမ္ပဏီကနေ တဆင့်ခံပြီး Nvidia ချစ်ပ်တွေကို တရုတ်အတွက် ဝယ်ယူပေးခဲ့တယ်လို့ အမေရိကန် ထောက်လှမ်းရေးက သံသယရှိပြီး စုံစမ်းနေပါတယ်။

တစ်ဖက်မှာလည်း ဟွမ်ကိုယ်တိုင်ကပါ ဒီကိစ္စတွေကို သိသိကြီးနဲ့ အလိုတူ အလိုပါ ကူညီပေးခဲ့သလားဆိုတဲ့ ဝေဖန် မေးခွန်းထုတ်မှုတွေလည်း ရှိလာပါတယ်။ ဟွမ်က သူဟာ အိမ်ထောင်ရေး ဖောက်ပြန်မိခဲ့တယ် ဆိုတာကို လူသိရှင်ကြား ဝန်ခံထားပေမယ့် သူလျှိုမှုနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်တွေကိုတော့ အတိအလင်း ဖြေရှင်းတာမျိုး မရှိသေးပါဘူး။

တစ်နည်းအားဖြင့် ဟွမ်ရဲ့ အရှုပ်အထွေးဟာ သာမန် အိမ်ထောင်ရေး သစ္စာဖောက်မှုတစ်ခု မဟုတ်တော့ဘဲ အမေရိကန်ရဲ့ အမျိုးသား နည်းပညာလုံခြုံရေး အတွက်ပါ ခြိမ်းခြောက်မှုကြီး ဖြစ်လာခဲ့ပါတယ်။

နိုဝင်ဘာ ၉ ရက်မှာတော့ ဟွမ်နဲ့ ပုဂ္ဂိုလ်ရေးအရလည်း ရင်းနှီးတဲ့ ထရမ့်က သူဟာ ဟွမ်နဲ့ စကားပြောဖြစ်ခဲ့ကြောင်း၊ ဟွမ်ဟာ လူမှုရေး အရှုပ်အထွေး ကိစ္စတစ်ခုကနေ ဖက်ဒရယ် ထောက်လှမ်းရေးဗျူရို (FBI)ကပါ စုံစမ်းစစ်ဆေးနေတဲ့ သူလျှိုမှု တစ်ခု ဖြစ်လာတာကို အံ့ဩနေကြောင်း ပြောကြားခဲ့ပါတယ်။

အဲဒီအမျိုးသမီးက စပိုင်တစ်ယောက်ဆိုတာ ကြိုသိခဲ့သလားဆိုတဲ့ မေးခွန်းကို သူက ဟွမ်ဆီ မေးခဲ့ကြောင်း၊ ဟွမ်ကလည်း သူလုံးဝ မသိခဲ့ဘူးလို့ ဖြေခဲ့ပြီး ဟွမ်ရဲ့ အဖြေကို သူယုံကြည်ကြောင်း အိမ်ဖြူတော်မှာ ထရမ့်က သတင်းထောက်တွေဆီ ပြောဆိုသွားပါတယ်။

ဒီအမှုကို FBIကပါ ဝင်ကိုင်နေတယ်ဆိုတာ သိထားကြောင်း၊ ဟွမ်အနေနဲ့ ဒါကို ကောင်းကောင်း ကိုင်တွယ်နိုင်မယ်လို့လည်း ထင်ကြောင်း ထရမ့်က ဆိုပါတယ်။

နိုဝင်ဘာ ၉ ရက်မှာတော့ Nvidiaရဲ့ ရှယ်ယာရှင်တွေက ကုမ္ပဏီကိုရော၊ ဟွမ်ကိုပါ အချက်အလက် လိမ်လည် ဖုံးကွယ်မှုနဲ့ တရားစွဲဆိုထားလိုက်ပါတယ်။

ကယ်လီဖိုးနီးယား ပြည်နယ်၊ ဆန်ဟိုဆေးမြို့ ဖက်ဒရယ် တရားရုံးမှာ တင်သွင်းတဲ့ စွပ်စွဲချက်မှာတော့ ဟွမ်နဲ့ တရုတ်စပိုင်လို့ သံသယဖြစ်စရာ အမျိုးသမီးကြားက ဆက်ဆံရေးကို ရှယ်ယာရှင်တွေ မသိအောင် ကုမ္ပဏီက ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားတယ်လို့ စွပ်စွဲ ဖော်ပြထားပါတယ်။

Nvidiaကတော့ တရားစွဲခံရတဲ့ ကိစ္စအပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။ နိုဝင်ဘာ ၉ ရက်နေ့မှာတော့ ကုမ္ပဏီရဲ့ ရှယ်ယာတန်ဖိုးဟာ ၇ လအတွင်း အနိမ့်ဆုံးအဆင့်ထိ ကျဆင်းသွားခဲ့ကြောင်းလည်း သိရပါတယ်။

ကိုးကား – Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

Nvidia ကုမ္ပဏီ အမှုဆောင်ချုပ် ဂျန်ဆန်ဟွမ်က သူနဲ့ ဇာတ်လမ်းရှုပ်မိခဲ့တဲ့ အမျိုးသမီးဟာ တရုတ်စပိုင်မှန်း မသိခဲ့ဘူးလို့ ပြောပြခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဆိုပါတယ်။

နိုင်ငံတကာ

တရုတ် သူလျှို တစ်ဦးနဲ့ ရှုပ်ထွေးဆက်နွှယ်မှု ရှိခဲ့ကြောင်း သတင်းတွေအပေါ် ဝန်ခံခဲ့ပြီး လူမှုရေး ဖောက်ပြန်ခဲ့မှုအတွက် ဇနီးကို ပြန်တောင်းပန်မယ်လို့ Nvidia ကုမ္ပဏီရဲ့ အမှုဆောင်ချုပ် ဂျန်ဆန်ဟွမ်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဝန်ထမ်းတွေကို အလုပ်ဖြုတ်ပြီး ဉာဏ်ရည်တု နည်းပညာ (AI)နဲ့ အစားထိုးလိုက်တာကြောင့် ဆိုတာမျိုးက ငပျင်းတွေပေးတဲ့ ဆင်ခြေလို့ Nvidia အမှုဆောင်ချုပ် ဂျန်ဆန်ဟွမ်က ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

တရုတ်အတွက် သူလျှို လုပ်ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဇနီးမောင်နှံ နှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ဂျာမနီ ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။