Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး ရုတ်တရက် ကွယ်လွန်

အမေရိကန် နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးဟာ ရုတ်တရက် ကွယ်လွန်သွားခဲ့ကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

အမေရိကန် နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးဟာ ရုတ်တရက် ကွယ်လွန်သွားခဲ့ကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

အလက်ဇန္ဒား ဒါချိဗ်ဟာ အသက် ၆၆ နှစ်အရွယ်၊ မော်စကို မြို့တော်မှာ ကွယ်လွန်သွားတာဖြစ်ကြောင်း နိုဝင်ဘာ ၁၁ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါချိဗ်ဟာ နာတာရှည် ရောဂါတစ်မျိုးနဲ့ ရုန်းကန် ဖြတ်သန်းနေခဲ့ရတဲ့နောက် ရုတ်တရက် ကွယ်လွန်သွားတာလို့ ဆိုပါတယ်။

သံအမတ်ကြီးဟာ ထူးချွန်ပြောင်မြောက်တဲ့ ပရော်ဖက်ရှင်နယ် တစ်ဦးလို့လည်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရ အမျိုးသမီး မာရီယာ ဇာခါရိုဗာက ပြောကြားခဲ့ပါတယ်။

ဒါချိဗ်ဟာ ဘဝတလျှောက်မှာ သံတမန်ရေးအရ ဖိအားတွေ၊ တောင်းဆိုမှုတွေ အများဆုံး နေရာတွေမှာ ရုရှားရဲ့ နိုင်ငံခြားရေး မူဝါဒကို ကိုယ်စားပြုပြီး တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ကျန်ရစ်သူ မိသားစုနဲ့ထပ်တူ စာနာဝမ်းနည်းပါကြောင်းလည်း ဇာခါရိုဗာက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

သံအမတ်ကြီးဟာ ပုံမှန်ဆိုရင် ဝါရှင်တန်ဒီစီမှာပဲ နေထိုင်ပေမယ့် ကွယ်လွန်ချိန်မှာတော့ မော်စကိုမြို့တော်ဆီ ပြန်သွားပြီး နာတာရှည် ရောဂါအတွက် ကုသမှု ခံယူနေခဲ့တာလို့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

ဒါချိဗ်ဟာ ဝါရင့်သံတမန် အရာရှိတစ်ဦး ဖြစ်သလို အနောက်နိုင်ငံတွေအပေါ် အပြင်းအထန် ရှုတ်ချပြောဆိုတဲ့ စကားတွေကြောင့်လည်း လူသိများပါတယ်။ သူဟာ အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးအဖြစ် မနှစ်က မတ်လမှာ စတင်တာဝန် ထမ်းဆောင်နေခဲ့တာပါ။

သူ့ရဲ့ သံအမတ်ကြီး ရာထူးကာလမှာ အမေရိကန် အစိုးရဟာ ရုရှားနဲ့ ထိတွေ့ဆက်ဆံမှုတွေကို ပြန်လည် မြှင့်တင်လာပြီး ရုရှားရဲ့ရန်သူ ယူကရိန်းအပေါ် ထောက်ပံ့မှုတွေကို သိသိသာသာ လျှော့ချလာခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိက ဒါချိဗ် ကွယ်လွန်သွားတဲ့ သတင်းကို ကြားသိရပြီး မိသားစုအတွက် စာနာဝမ်းနည်းကြောင်း ပြောကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုနီးပါးလောက်တုန်းကလည်း ရုရှား ထိပ်တန်း သံအမတ်ကြီးတစ်ဦး ရုတ်တရက် ကွယ်လွန်တဲ့ ဖြစ်ရပ်မျိုး ကြုံခဲ့ဖူးပါတယ်။ ၂၀၁၇ မှာ ကုလသမဂ္ဂ (UN)ဆိုင်ရာ ရုရှား သံအမတ်ကြီး ဗီတာလီ ချာကင်ဟာ အသက် ၆၅ နှစ်ပြည့်ဖို့ ၁ ရက်အလိုမှာ နှလုံးဖောက်ပြီး သေဆုံးခဲ့တာပါ။ ကမ္ဘာ့ဘဏ်ရဲ့ စာရင်းတွေအရ ရုရှားမှာ အမျိုးသားတွေရဲ့ ပျမ်းမျှ သက်တမ်းက ၆၈ နှစ်လို့ သိရပါတယ်။

ကိုးကား: CNN

ဓာတ်ပုံ – Reuters

ဆက်စပ်သတင်းများ