Connect with us

Hi, what are you looking for?

သတင်း

ဝမ်းတွင်းမှာ စစ်တပ်က နေအိမ်ပေါ်အထိတက် ပေါ်တာဆွဲနေ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က နေအိမ်ပေါ်အထိတက် ပေါ်တာဆွဲဖမ်းဆီးလို့ လူငယ်တွေ ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

(စစ်မှုထမ်းသင်တန်းကျောင်းရောက် လူငယ်အချို့အား တွေ့ရစဥ်။ ဓါတ်ပုံံ-ပစ)

နိုဝင်ဘာ ၁၃၊ ၂၀၂၆။ ဟာနာဆန်/People’s Spring

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က နေအိမ်ပေါ်အထိတက် ပေါ်တာဆွဲဖမ်းဆီးလို့ လူငယ်တွေ ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၁၁ ရက် ညနေ ၄ နာရီခန့်က ဝမ်းတွင်းမြို့နယ်၊ စိန်ပန်းပင်ကျေးရွာကို စစ်သားတွေ ရောက်ရှိလာပြီး နေအိမ်တွေပေါ်အထိ ပေါ်တာတက်ဆွဲရာ ကိုနိုင်းနိုင်း၊ကိုဖိုးချစ်၊ကိုမောင်မောင်ကြီး၊ကိုမင်းအောင်၊ ကိုဆန်းယု၊ကိုအောင်ဝင်း စတဲ့ အမျိုးသား ၆ ဦးပါသွားကြောင်း မြေပြင်ကင်းထောက်အဖွဲ့ဖြစ်တဲ့ Voice of Wundwin အဖွဲ့က ပြောပါတယ်။

အလားတူ ဝမ်းတွင်းမြို့ပေါ်မှာလည်း နိုဝင်ဘာ ၁၁ ရက်၊ မနက် ၄နာရီခွဲခန့်က နေအိမ်ပေါ်အထိ ပေါ်တာတက်ဆွဲလို့ လူငယ်တွေ ဖမ်းဆီးခံရတာတွေရှိကြောင်း ဒေသခံအချို့က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ထွေအုပ်ရုံးမှာထိုင်တဲ့စစ်သားတွေပါ။ မနက်လေးနာရီခွဲရှိပါသေးတယ်။ အိမ်ပေါ်အထိတပ်ဆွဲတာပါ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာ ပထမပတ်အတွင်းကလည်း သုံးဒေါင့်အိုင်ကျေးရွာကို မနက် ၃ နာရီအချိန် ပေါ်တာဝင်ဆွဲတာ လူငယ် ၄ ဦးပါသွားခဲ့ကြောင်း Voice of Wundwin အဖွဲ့က ပြောပါတယ်။

ဝမ်းတွင်းမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးတာတွေ မကြာခဏ ပြုလုပ်နေတာကြောင့်လူငယ်တွေ သတိပြုနေထိုင်ကြဖို့ Voice of Wundwin အဖွဲ့က သတိပေးထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ယခု နိုဝင်ဘာမှာလုပ်မယ့် စစ်မှုထမ်းအပတ်စဥ်(၃၀)အတွက် လူမရသေးတာကြောင့် စစ်မှုထမ်းဆင့် ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ပြုလုပ်နေပြီး ရန်ကုန်၊ မန္တလေးအပါအဝင် ၎င်းတို့ထိန်းချုပ်ထားတဲ့ ​ဒေသ​တွေမှာ အခုလပိုင်းအတွင်း ပေါ်တာဆွဲတာ​တွေကို ဆက်တိုက်လုပ်နေတာဖြစ်ပါတယ်။ ဒါ့အပြင် စစ်မျက်နှာအသီးသီးမှာလည်း အာဏာသိမ်းစစ်ကောင်စီဘက်က သေဆုံးထိခိုက်တာတွေ များနေပြီး တပ်သားလိုအပ်ချက်များနေတာကြောင့် ပေါ်တာဆွဲဖမ်းဆီးမှုတွေ ပိုမိုပြုလုပ်နေတာ​ ဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

Facebook