Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်း တတက(၁၃)ကို စစ်တပ်က စစ်ကား ၁၇ စီးနဲ့ အင်အားဖြည့်

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က အမှတ် (၁၃)တပ်မတော် တန်းမြှင့်လေ့ကျင့်ရေးကျောင်း (တတက ၁၃)ကို စစ်တပ်က စစ်ကား ၁၇စီးနဲ့ အင်အားဖြည့်တင်သွားတယ်လို့ တော်လှန်ရေး သတင်းအရင်းမြစ်တွေက ပြောပါတယ်။

(ကချင်ပြည်နယ်ကိုဝင်​ရောက်လာတဲ့ စစ်တပ်ယာဥ်တန်းကို ၂၀၂၆ ​မေလကုန်ပိုင်းမှာ​တွေ့ရစဥ်။ ဓါတ်ပုံ - Screengrab))

နိုဝင်ဘာ-၁၃၊၂၀၂၆။နေ့သစ်/People’s Spring

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က အမှတ် (၁၃)တပ်မတော် တန်းမြှင့်လေ့ကျင့်ရေးကျောင်း (တတက ၁၃)ကို စစ်တပ်က စစ်ကား ၁၇စီးနဲ့ အင်အားဖြည့်တင်သွားတယ်လို့ တော်လှန်ရေး သတင်းအရင်းမြစ်တွေက ပြောပါတယ်။

မန္တလေးတောင်ခြေမှာ အခြေစိုက်တဲ့ ခလရ(၉၅)တပ်ရင်းကနေ မိုးကာအုပ်ထားတဲ့ စစ်ကားအကြီး ၁၇ စီးခန့်ဟာ နိုဝင်ဘာ ၁၂ ရက် ဒီကနေ့မနက် ၁၀နာရီခန့်မှာ အဲဒီတပ်ရင်းကနေ ထွက်သွားတာလို့ သိရပါတယ်။

အဲဒီစစ်ကားတွေဟာ သပိတ်ကျင်းမြို့က တတက(၁၃)အတွင်းကို ဒီနေ့ညနေပိုင်းမှာ ဝင်ရောက်သွားတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“မိုးကာအုပ်အလုံပိတ်ကား တွေဆိုတော့ လက်နက်ခဲယမ်းဖြည့်တာဖြစ်နိုင်တယ်။အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ဘတ်တံဆိပ် နဲ့ကားတွေလို့ သိထားရပါတယ်”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အဲဒီကားတွေဟာ ခလရ(၉၅)တပ်ရင်းက နေမထွက်ခွာမီမှာ စစ်လက်နက်ပစ္စည်းညွှန်‌‌ကြားရေးတပ်ဖွဲ့ (ကကနက်)လက်အောက်ခံ အမှတ်(၂၂၆) စစ်လက်နက်ပစ္စည်းတပ်ရင်းက ကားတချို့လည်း အဲဒီတပ်ရင်းထဲကို ဝင်ရောက်သွားတာ တွေ့ရတယ်လို့လည်း မြို့ခံတချို့က ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်ကလည်း မန္တလေးမြို့ကနေ စစ်ကား အစီး ၁၀၀ခန့်ပါ စစ်တပ်ယာဉ်တန်းဟာ ထီးချိုင့်၊သပိတ်ကျင်းတို့မှာ အင်အားတချို့ချန်ကာ မြစ်ကြီးနားမြို့ဘက်ကို ဆက်တက်ဖို့ကြိုးစားခဲ့ပါတယ်။

အဲဒီယာဉ်တန်းဟာ မော်လူးမြို့အနီးမှာ တိုက်ခိုက်ခံနေရပြီး ဒီကနေ့အထိ တိုက်ပွဲဖြစ်နေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

Facebook