နိုဝင်ဘာ ၁၃၊၂၀၂၆။သုည/People’s Spring
မကွေးတိုင်း၊ ပေါက်မြို့နယ်တနေရာမှာ သပိတ်အင်အားစုတွေနဲ့ ဒေသခံတော်လှန်ပြည်သူတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် FREE HER လူထုလှုပ်ရှားမှု ဒီကနေ့ (နိုဝင်ဘာ ၁၃) ပြုလုပ်ခဲ့တယ်။
အဆိုပါ FREE HER လူထုလှုပ်ရှားမှုကို လက်ပံတောင်းတောင်ပင်မသပိတ်နဲ့ ဒေသခံတော်လှန်ပြည်သူတွေ ပူးပေါင်းပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
တော်လှန်ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ပုံတွေနဲ့အတူ “Free Aung San Suu Kyi, Release Now”, “End Political Detention”, Free Her Aung San Suu Kyi” စတဲ့ စာသားပါ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီး “ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ဖမ်းဆီးချုပ်နှောင်ခံထားရသော နိုင်ငံရေးအကျဉ်းသားတွေအားလုံး အချုပ်အနှောင်မှ အမြန်ဆုံး လွတ်မြောက်ပါစေ” လို့ သံပြိုင်ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။

Public Service Announcement
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် မြန်မာနိုင်ငံတဝန်းနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ FREE HER လူထုလှုပ်ရှားမှုတွေ ပြုလုပ်နေကြတာပါ။





















































