Connect with us

Hi, what are you looking for?

သတင်း

စစ်တွေ၊ကျောက်ဖြူနဲ့မာန်အောင်မြို့​သိမ်းတိုက်ပွဲ​တွေဆက်လက်ဆင်နွှဲ၊အာရက္ခပြည်သူများလက်ထဲသို့ မကြာမီ ပေးအပ်သွားမယ်လို့AA ထုတ်ပြန်

ရခိုင်ပြည်နယ်မှာသိမ်းပိုက်ဖို့ကျန်ရှိနေသေးတဲ့ စစ်တွေ၊ ကျောက်ဖြူနဲ့မာန်အောင်မြို့တွေကို ဆက်လက်သိမ်းပိုက်နိုင်ရေးအတွက်မြို့သိမ်းတိုက်ပွဲ​တွေကို အစွမ်းကုန်ကြိုးပမ်းနေကြောင်း စစ်ဆင်ရေး(၃)နှစ်မြောက်တဲ့ နိုဝင်ဘာလ၁၃ရက်ညပိုင်းမှာ အာရက္ခတပ်တော်(AA) က ထုတ်ပြန်လိုက်ပါတယ်။

(အာရက္ခတပ်​တော်(AA)တပ်ဖွဲ့ဝင်​တွေ။ဓါတ်ပုံ-AA Info desk)

နိုဝင်ဘာ-၁၃၊၂၀၂၆။အိမ်သွင်/People’s Spring

ရခိုင်ပြည်နယ်မှာသိမ်းပိုက်ဖို့ကျန်ရှိနေသေးတဲ့ စစ်တွေ၊ ကျောက်ဖြူနဲ့မာန်အောင်မြို့တွေကို ဆက်လက်သိမ်းပိုက်နိုင်ရေးအတွက်မြို့သိမ်းတိုက်ပွဲ​တွေကို အစွမ်းကုန်ကြိုးပမ်းနေကြောင်း စစ်ဆင်ရေး(၃)နှစ်မြောက်တဲ့ နိုဝင်ဘာလ၁၃ရက်ညပိုင်းမှာ အာရက္ခတပ်တော်(AA) က ထုတ်ပြန်လိုက်ပါတယ်။

AAက ၁၀၂၇ စစ်ဆင်ရေးကို ၂၀၂၃ခုနှစ် နိုဝင်ဘာလ၁၃ရက်မှာ စတင်ခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ်က ၁၄ မြို့နယ် နဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်​တို့ကို သိမ်းပိုက်ပြီး စစ်​တွေနဲ့ ​ကျောက်ဖြူမြို့သိမ်းတိုက်ပွဲ​တွေ ဆက်လက်ဆင်နွှဲရင်း ၁၀၂၇ စစ်ဆင်​ရေး(၃)နှစ်မြောက်မှာတော့ တပ်ဖွဲ့ဝင်ရဲဘော်တွေ၊ဝန်ထမ်းတွေနဲ့ လူထုကို ကျေးဇူးတင်ဂုဏ်ပြုကြောင်း ထုတ်ပြန်လာပါတယ်။

“ကျန်ရှိနေသေးသောမြို့သိမ်းတိုက်ပွဲများကို ဆက်လက်ဆင်နွှဲလျက်ရှိပြီး ကျန်ရှိနေသေးသော အာရက္ခဘိုးဘွားပိုင်နယ်မြေများကို အာရက္ခပြည်သူများလက်ထဲသို့ မကြာမီ ပေးအပ်သွားမည်ဖြစ်ကြောင်း”​AAကဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

(၃)နှစ်တာတိုက်ပွဲကာလများအတွင်းခက်ခဲကြမ်းတမ်းမှု‌ တွေနဲ့အတူဘဝ၊အသက်၊သွေး၊ ချွေး၊ မျက်ရည်၊ စည်းစိမ် အပါအဝင် သား/သမီး ရင်သွေးရတနာတွေကိုပါ ပေးဆပ်ပြီး ဆင်းရဲဒုက္ခမျိုးစုံကိုကြံ့ကြံ့ခံရင်ဆိုင်ရင်း ယနေ့အချိန်အထိ “ရက္ခိတလမ်းစဉ်” အထမြောက်စေဖို့ ပုံစံတစ်မျိုးမျိုးဖြင့် ပါဝင်ပတ်သက်၊ ရပ်တည်ပေးခဲ့ကြတဲ့ ကမ္ဘာအရပ်ရပ်ရှိ အာရက္ခ မိဘပြည်သူလူထုတစ်ရပ်လုံးကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)အနေနဲ့ အထူး အလေးအ

နက် ဦးညွှတ်ဂုဏ်ပြုကြောင်းလည်းစစ်ဆင်​ရေး ၃ နှစ်ပြည့် မှာထုတ်ပြန်ထားပါတယ်။

သတ္တိရှိပြီး အမိန့်နာခံမှုနဲ့ တိုက်ပွဲဝင်ကောင်းတဲ့ အာရက္ခစစ်သည်တော်ဆွေ မွေးထုတ်ပေးလိုက်တဲ့ မိခင်တွေကိုလည်း ဂုဏ်ပြုကြောင်းနဲ့အာရက္ခစစ်သည်/စစ်မယ်တွေရဲ့ ပေးဆပ်စွန့်လွှတ် အနစ်နာခံမှုတွေက မည်သည့်အခါမျှ အလဟဿ ဖြစ်သွားမှာ မဟုတ်ဘူလို့လည်း ဖော်ပြထားပါတယ်။

AAဟာ မဟာမိတ်တွေဖြစ်တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)တို့နဲ့အတူ ၁၀၂၇စစ်ဆင်ရေးကိိုရှမ်းပြည်နယ်မြောက်

ပိုင်းမှာ ၂၀၂၃ ခုနှစ်အောက်တိုဘာလ၂၇ရက်နေ့ကစတင်ပြီး တိုက်ခိုက်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်ကမြို့သိမ်းတိုက်ပွဲတွေကိုတော့ ၂၀၂၃ နိုဝင်ဘာလ၁၃ရက်နေ့မှာ စတင်ခဲ့တာဖြစ်ပါတယ်။ စစ်တွေ၊မာန်အောင်၊ ကျောက်ဖြူမြို့နယ်တွေကလွဲလို့ ရခိုင်ပြည်နယ်က ၁၄ မြို့နယ်နဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်တို့ကို သိမ်းယူခဲ့ပါတယ်။ လက်ရှိမှာ စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်းနဲ့နယ်စပ်ဖြစ်တဲ့ သာပေါင်းနဲ့ လေးမျက်နှာမြို့နယ်၊ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ထဲက ကပစ(၁၆)အနီးပတ်ဝန်းကျင်၊ မကွေးတိုင်းငဖဲမြို့နယ်မှ နတ်ရေကန်ဗျူဟာကုန်းတွေမှာလည်း တိုက်ပွဲတွေပြင်းထန်နေပါတယ်။စစ်ကောင်စီဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ မြို့၊ ရွာတွေက အရပ်သားပြည်သူတွေကိုပစ်မှတ်ထားပြီး တိုက်ခိုက်နေလို့ လုံခြုံရေးသတိပြုကြဖို့ လေကြောင်း၊ ရေကြောင်း၊လက်နက်ကြီးရန်နဲ့ပတ်သက်တဲ့ အရေးပေါ် သတိပေးချက်ကို AA က ထုတ်ပြန်ထားပါတယ်။

AAဟာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အနက် MNDAAနဲ့ TNLAလို စစ်ကောင်စီနဲ့ အပစ်ရပ်မဆွေး‌နွေးဘဲ စစ်မျက်နှာအများအပြား တိုက်ပွဲဖော်ဆောင်နေတာကြောင့် လူထုထောက်ခံမှုနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ လေးစားမှုကိုအပြည့်အဝရရှိထားပါတယ်။

ဆက်စပ်သတင်းများ

Facebook