Connect with us

Hi, what are you looking for?

News

နဂါးမတောင်တိုက်ပွဲ စစ်ကောင်စီတပ်မှ ၁၁ဦးအထိ သေဆုံးဟု PRA ခေါင်းဆောင် ဗိုလ်ဂျပန်ပြော

“ကျွန်တော်တို့လည်း တိုက်ပွဲအတွင်းမှာ အတည်ပြုနိုင်သလောက်ကိုပဲ ကနဦးထုတ်ပြန်နိုင်ခဲ့တာပေါ့။ဒီနေ့ နယ်မြေရှင်းရင်းနဲ့မှ သူတို့ အမိန့်ပြန်တမ်းစာမှာ စုဟုပေါင်း ၁၁ ဦးဖြစ်နေတယ်”ဟု ၎င်းက ပြောသည်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် နဂါးမတောင်တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ သေဆုံးသူနှစ်ဦး ထပ်တိုးလာ၍ စုစုပေါင်း ၁၁ဦးအထိ သေဆုံးကြောင်း ပြည်သူ့တော်လှန်ရေးတပ်မတော် (PRA) ဦးဆောင်သူ ဗိုလ်ဂျပန်က လူထုနွေဦးသို့ ပြောသည်။

တိုက်ပွဲ ဖြစ်စဥ်မှာ ဒီဇင်ဘာ ၂၉ ရက်ကဖြစ်ပြီး နဂါးမတောင် အနောက်ဘက်(စိမ်းလမ်းရုံး)တွင် အကြမ်းဖက် စစ်ကောင်စီနှင့်တိုက်ပွဲဖြစ်ရာ စစ်ကောင်စီတပ်သား ကိုးဦးသေဆုံးကြောင်း ကနဦး သတင်းထုတ်ပြန်ခဲ့သည်။

သို့သော် ယနေ့ (ဒီဇင်ဘာ ၃၁ ရက်) တိုက်ပွဲဖြစ်စဥ်နေရာသို့ နယ်မြေရှင်းလင်းစဥ် စစ်ကောင်စီတပ်သားများ မီးရှို့သဂြိုလ်ခဲ့သည့်နေရာနှင့် အမိန့်ပြန်တမ်းစာအချက်အလက်များတွေ့ရှိခဲ့ရာ သေဆုံးသူ စုစုပေါင်း ၁၁ ဦးအထိ ဖြစ်သည်ဟု ဗိုလ်ဂျပန်က ရှင်းပြသည်။

“ကျွန်တော်တို့လည်း တိုက်ပွဲအတွင်းမှာ အတည်ပြုနိုင်သလောက်ကိုပဲ ကနဦးထုတ်ပြန်နိုင်ခဲ့တာပေါ့။ဒီနေ့ နယ်မြေရှင်းရင်းနဲ့မှ သူတို့ အမိန့်ပြန်တမ်းစာမှာ စုဟုပေါင်း ၁၁ ဦးဖြစ်နေတယ်”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်ခံခဲ့ရသည့် စစ်ကောင်စီယာဉ်တန်းမှာ မကွေးတိုင်း ကျောမြို့(ကပစ-၂၃) မှထွက်လာသည့် စစ်ယာဥ် တန်းဖြစ်ပြီး နှစ်ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

ဒီဇင်ဘာ ၂၇ ရက်ကလည်း ပုလဲ-ဂန့်ဂေါလမ်းမကြီး၌ စစ်ကောင်စီတပ်ယာဥ်တန်းကို PRA တပ်ခွဲ (၂)နှင့် (၁၇)တို့က တိုက်ခိုက်ခဲ့ရာ ၃နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ခုနှစ်ဦးသေဆုံးကြောင်း ပြည်သူ့တော်လှန်ရေးတပ်မတော်က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။