Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကမ်းခြေမှာလှိုင်းရိုက်လို့ခွေးနဲ့ ခွေးပိုင်ရှင် ပင်လယ်ထဲမျောသွား

အမေရိကန်နိုင်ငံ၊ အော်ရီဂွန်ပြည်နယ်ရဲ့ ပင်လယ် ကမ်းခြေတစ်ခုမှာ ဒီရေလှိုင်းလုံးတွေ ရိုက်ခတ်လို့ အမျိုးသား တစ်ဦးနဲ့ သူ့ရဲ့ခွေးတို့ မျောပါသွားခဲ့ပါတယ်။

အမေရိကန်နိုင်ငံ၊ အော်ရီဂွန်ပြည်နယ်ရဲ့ ပင်လယ် ကမ်းခြေတစ်ခုမှာ ဒီရေလှိုင်းလုံးတွေ ရိုက်ခတ်လို့ အမျိုးသား တစ်ဦးနဲ့ သူ့ရဲ့ခွေးတို့ မျောပါသွားခဲ့ပါတယ်။

အမေရိကန်နိုင်ငံ၊ အော်ရီဂွန်ပြည်နယ်ရဲ့ ပင်လယ် ကမ်းခြေတစ်ခုမှာ ဒီရေလှိုင်းလုံးတွေ ရိုက်ခတ်လို့ အမျိုးသား တစ်ဦးနဲ့ သူ့ရဲ့ခွေးတို့ မျောပါသွားခဲ့ပါတယ်။

ကံကောင်းထောက်မစွာနဲ့ အဲဒီဖြစ်စဉ်မှာတော့ လူရော၊ ခွေးပါ အသက်ဘေးက လွတ်မြောက်ခဲ့တယ်လို့ ပို့တ်လန်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ နိုဝင်ဘာ ၂၄ ရက်နေ့တုန်းက ရဲတွေက ကမ်းရိုးတန်းနားမှာ လှိုင်းကြီးနိုင်ကြောင်း အဲဒီ အမျိုးသားကို သတိပေးထားပြီး တစ်နာရီခွဲလောက် အကြာမှာတင် ထိတ်လန့်စရာ အခြေအနေကို ကြုံခဲ့တာ ဖြစ်ပါတယ်။

ကန်နွန်ကမ်းခြေနားမှာတော့ အခုလို အားကောင်းတဲ့ လှိုင်းလုံးကြီးတွေကို ဒေသခံတွေက လှိုင်းဘုရင် (King tide)လို့ ခေါ်ဝေါ်လေ့ ရှိပါတယ်။

ဗီဒီယို မှတ်တမ်းတွေမှာတော့ သဲသောင်ပြင်ဆီ ဆင်းတဲ့ လှေကားမှာ အမျိုးသားက ရပ်နေခဲ့ပြီး သူ့ရဲ့ ခွေးကတော့ သဲသောင်ပေါ်မှာ ရှိနေခဲ့တာကို တွေ့ရပါတယ်။ လှိုင်းတွေ ရိုက်ခတ်လာတဲ့အခါ ခွေးက ရေစီးအတိုင်း မျောပါသွားပြီး ပိုင်ရှင် ခွေးရဲ့ လည်ပတ်နဲ့ တွဲချည်ထားတဲ့ ကြိုးကလည်း ပိုင်ရှင်ရဲ့ လက်ထဲကနေ လွတ်သွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ အမျိုးသားဟာ သူ့ခွေးကို ကယ်ဆယ်ဖို့ လှေကားခြေရင်းထိ ဆင်းသွားရာက ခြေချော်ပြီး သူကိုယ်တိုင် ရေစီးနဲ့ မျောပါသွားခဲ့တာ ဖြစ်ပါတယ်။

ခွေးပိုင်ရှင်ဟာ ကိုက် ၁၀၀ လောက်ထိ လှိုင်းတွေနဲ့ ဒရောသောပါး မျောပါသွားခဲ့ပြီး တခြားလှေကားတစ်ခုရဲ့ ခြေရင်းကို လှမ်းဆွဲထားနိုင်ခဲ့တာကြောင့် အသက်ဘေးကနေ လွတ်မြောက်ခဲ့ပါတယ်။ သူ့ရဲ့ ခွေးကိုလည်း ပင်လယ် ရေတားနံရံနဲ့ကပ်လျက် ရေတိမ်ပိုင်း ရောက်နေချိန်မှာ တခြားသူတွေက ကြိုးကိုလှမ်းဆွဲပြီး ကယ်တင်နိုင်ခဲ့ပါတယ်။

အခင်းမဖြစ်ခင် တစ်နာရီခွဲလောက်ကတင် အဲဒီ အမျိုးသားနဲ့ စကားပြောဖြစ်ခဲ့ကြောင်း၊ ခွေးပိုင်ရှင်က သူဟာ King tideတွေကို လာရောက် ကြည့်ရှုတာလို့ သူ့ကို ပြောပြခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့ အကြီးအကဲ ရော့ဘ်ရှူးဇ်က ဆိုပါတယ်။ ရှူးဇ်က သူဟာ ပင်လယ်ရေလှိုင်းတွေရဲ့ အားကို လျှော့မတွက်ဖို့နဲ့ ဘေးကင်းတဲ့ အကွာအဝေးကပဲ စောင့်ကြည့်ဖို့ အဲဒီ အမျိုးသားကို အကြံပေးခဲ့သေးတယ်လို့ ဆိုပါတယ်။

King tide ဒီလှိုင်းတွေ ရိုက်ခတ်မှုဟာ နိုဝင်ဘာ ၂၃ ရက်မှာ စတင်ပြီး ၂၇ ရက်နေ့ထိ ဆက်လက် တည်ရှိနေမယ်လို့ ယုံကြည်ရပါတယ်။ ပင်လယ်ပြင်မှာ မိုးသက်မုန်တိုင်း ကျရောက်မှုတွေနဲ့အတူ တချို့ အခြေအနေတွေမှာ လှိုင်းလုံးတွေဟာ အမြင့် ပေ ၄၀ လောက်ထိ ရောက်ရှိနိုင်တယ်လို့လည်း မိုးလေဝသ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။

ဆောင်းရာသီဆိုရင် King tideတွေ ဖြစ်ပေါ်လေ့ ရှိတာကြောင့် ကမ်းခြေမှာ လှိုင်းလာကြည့်သူတွေနဲ့ စည်ကားနေတတ်ကြောင်းလည်း ရှူးဇ်က ပြောကြားခဲ့ပါတယ်။

ကိုးကား: Oregon Live

ဆက်စပ်သတင်းများ