Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အရေးပေါ် ဆေးကုဖို့လိုအပ်နေတဲ့ကလေးငယ်ကိုထိုင်းစစ်တပ်ရဟတ်ယာဉ်နဲ့ဆေးရုံပို့

အရေးပေါ် ဆေးကုသမှုခံယူဖို့လိုအပ်နေတဲ့အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးကိုလူမှုကူညီရေးအသင်းတွေနဲ့ ထိုင်းစစ်တပ်ပူးပေါင်းပြီး ရဟတ်ယာဉ်နဲ့ သွားရောက်ခေါ်ယူခဲ့သလို ဆေးရုံကိုပါ ပို့ပေးခဲ့ပါတယ်။

နိုဝင်ဘာ – ၂၇ ၊၂၀၂၆

အရေးပေါ် ဆေးကုသမှုခံယူဖို့လိုအပ်နေတဲ့အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးကိုလူမှုကူညီရေးအသင်းတွေနဲ့ ထိုင်းစစ်တပ်ပူးပေါင်းပြီး ရဟတ်ယာဉ်နဲ့ သွားရောက်ခေါ်ယူခဲ့သလို ဆေးရုံကိုပါ ပို့ပေးခဲ့ပါတယ်။

မဲ့ဟောင်ဆောင်ပြည်နယ်ထဲမှာ ရှိနေတဲ့ ဆပ်မိုင်းကျေးရွာမှာ အသက် ၂ နှစ်အရွယ်ကလေးငယ်တစ်ဦးဟာအပြင်းအထန်ချောင်းဆိုးပြီး အသက် ရှူကျပ်တဲ့ ဝေဒနာကို ခံစားနေရတာကြောင့် ဆေးရုံတင်ဖို့ လိုအပ်ခဲ့ပါတယ်။

နိုဝင်ဘာ ၂၇ ရက်မှာ အမှတ် ၃၆ နယ်ခြားစောင့်တပ်မရဲ့ လက်အောက်ခံ တပ်ဖွဲ့ဖြစ်တဲ့ အထူးတပ်ဖွဲ့ဝင်တွေဟာ ဒေသခံ သူနာပြု ဝန်ထမ်းတွေ၊ Sky Doctor အဖွဲ့တို့နဲ့ ပူးပေါင်းပြီး လူနာကလေးငယ်ကို ရွှေ့ပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ရဟတ်ယာဉ် တစ်စီးဟာ ဆပ်မိုင်းကျေးရွာရဲ့ ယာယီ ရဟတ်ယာဉ်ကွင်းမှာ ဆင်းသက်ခဲ့ပြီး လူနာကို သွားရောက် ခေါ်ဆောင်ခဲ့ပါတယ်။

ပြီးတော့ ရဟတ်ယာဉ်ဟာစင်နာ့ထ် အထူးတပ်ဖွဲ့ရဲ့ ရဟတ်ယာဉ်ကွင်းမှာ ဆင်းသက်ပြီး အဲဒီကနေတဆင့် လူနာကို မဲ့ဟောင်ဆောင်ပြည်နယ်၊ မဲဆရီယန်း မြို့နယ်ထဲက မဲဆရီယန်း ဆေးရုံဆီ ပို့ဆောင်နိုင်ခဲ့ကြောင်း သိရပါတယ်။

အဲဒီသတင်းကို တော်ဝင်ထိုင်းစစ်တပ်ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားခဲ့ပါတယ်။

ဆက်စပ်သတင်းများ