Connect with us

Hi, what are you looking for?

သတင်း

မြန်မာအ​ပေါ် ICJစီရင်ချက်ကိုလေးစားမယ်လို့ အင်ဒိုနီးရှားပြော

မြန်မာအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)ကချမှတ်ခဲ့တဲ့စီရင်ချက်အပေါ် လေးစားလိုက်နာမယ်လို့အင်ဒိုနီးရှားနိုင်ငံကပြောပါတယ်။

(အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဗားဒ်နာဘီလ် မူလာချယ်လာ။ ။ဓါတ်ပုံ-Antara)

နိုဝင်ဘာ-၂၇၊၂၀၂၆။People’s Spring

မြန်မာအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)ကချမှတ်ခဲ့တဲ့စီရင်ချက်အပေါ် လေးစားလိုက်နာမယ်လို့အင်ဒိုနီးရှားနိုင်ငံကပြောပါတယ်။

နိုဝင်ဘာ ၁၉ ရက်နေ့တုန်းက နယ်သာလန်နိုင်ငံ၊ ဟိဂ်မြို့မှာရှိတဲ့ ICJက မြန်မာနိုင်ငံဟာ ရိုဟင်ဂျာ မျိုးနွယ်စုတွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတာ ပြစ်မှုထင်ရှားကြောင်း စီရင် ဆုံးဖြတ်ခဲ့ပါတယ်။

နိုဝင်ဘာ၂၆ ရက်နေ့မှာတော့အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဗားဒ်နာဘီလ် မူလာချယ်လာက အင်ဒိုနီးရှားအစိုးရဟာ ICJရဲ့ စီရင်ချက်ကို လေးစား အသိအမှတ်ပြုကြောင်း ဂျကာတာမြို့က သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

ကုလသမဂ္ဂ (UN) လက်အောက်ခံ တရားရုံးရဲ့ ရပ်တည်မှုကိုရော၊ နိုင်ငံတကာ ဥပဒေတွေကိုပါ အင်ဒိုနီးရှား အနေနဲ့ ဆက်လက် လေးစားနေမှာ ဖြစ်တယ်လို့ သူကဆက်​ပြောပါတယ်။

ဒါ့အပြင်အင်ဒိုနီးရှားအစိုးရအနေနဲ့ ရိုဟင်ဂျာတွေကိုအကာအကွယ်ပေးဖို့လည်းတောင်းဆိုကြောင်းမူလာချယ်လာကကြေညာခဲ့ပါတယ်။

လောလောဆယ် အရေးအကြီးဆုံးကိစ္စကတော့ ရိုဟင်ဂျာ ပြည်သူတွေရဲ့ လုံခြုံရေး၊ ဂုဏ်သိက္ခာနဲ့ အခွင့်အရေးတွေကို စောင့်

ရှောက် ဖြည့်ဆည်းပေးဖို့၊ ပြီးတော့ ဆိုးရွားတဲ့ လူသားချင်းစာနာမှု အကျပ်အတည်းတွေ ကြုံတွေ့နေသူတွေ အပါအဝင် မြန်မာပြည်သူတွေကို ကာကွယ်ပေးဖို့ ဖြစ်တယ်လို့ မူလာချယ်လာက ပြောကြားသွားပါတယ်။

သူကအင်ဒိုနီးရှားဟာICJရဲ့စီရင်ချက်ကို မြန်မာ့ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို တောင်းဆိုတဲ့ လုပ်ငန်းစဉ်တွေမှာ အရှိန်အဟုန်အဖြစ် ပေါင်းစပ်အသုံးပြုသွားမယ်လို့လည်း ပြောပါတယ်။

အင်ဒိုနီးရှား အစိုးရဟာ မြန်မာနိုင်ငံမှာ ရန်လို အကြမ်းဖက်မှုတွေ ရပ်တန့်ရေး၊ လူသားချင်းစာနာမှု အကူအညီတွေ ပြန်လည် ဝင်ရောက်ခွင့် ရလာရေး၊ အမျိုးသား ရင်ကြားစေ့ရေး ကဏ္ဍတွေ တိုးတက်လာစေဖို့လည်း ဆက်လက် အားထုတ်နေမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ကိုးကား-Jakarta Post

ဆက်စပ်သတင်းများ