Connect with us

Hi, what are you looking for?

News

မြောက်ဥက္ကလာပမြို့မရဲစခန်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီလက်ပါးစေရဲများက ရမ်းသမ်းပစ်ခတ်

“စခန်းကိုလာဆော်သွားတာ အုန်းခနဲပဲ”ဟု အဆို ပါ ရဲစခန်းအနီးရောက်ရှိနေသည့် ပြည်သူတစ်ဦးက ပြောသည်။

People's Spring
People's Spring

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့မရဲစခန်းအား ယနေ့(ဒီဇင်ဘာ ၃၁)ည ၇ နာရီကျော်က တိုက်ခိုက်ခံရမှုဖြစ်ပွား ခဲ့ကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ် မြရတနာလမ်းထိပ်ရှိ မြို့မရဲစခန်းအတွင်း ဖောက်ခွဲတိုက်ခိုက်ခံရခြင်းဖြစ်ပြီး ထိုသို့တိုက်ခိုက်ခံရပြီးနောက် ရဲစခန်းအတွင်းမှ စစ်ကောင်စီလက်ပါးစေရဲများက ရပ်ကွက်အတွင်း ရမ်းသမ်းပစ် ခတ်မှုများလည်းရှိနေကြောင်း ၎င်းတို့က ဆိုသည်။

“စခန်းကိုလာဆော်သွားတာ အုန်းခနဲပဲ”ဟု အဆို ပါ ရဲစခန်းအနီးရောက်ရှိနေသည့် ပြည်သူတစ်ဦးက ပြောသည်။

ထိုသို့တိုက်ခိုက်ခံရခြင်းကြောင့် စစ်ကောင်စီလက်ပါးစေ ရဲစခန်းဘက်မှ မြရတနာလမ်းအပါအဝင် ဘုံမာလမ်းများဘက်အထိ လိုက်လံပစ်ခတ်မှုများရှိနေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“အခုပစ်နေတယ်။ ဘုမ္မာ ၃ လမ်းရောဘဲတဲ့။ ဖြစ်တာက မြရတနာထိပ် မြို့မစခန်းထဲ ဖြစ်တာ။ အသေးစိတ်တော့ မသိသေးဘူး”ဟု ၎င်းက ဆက်ပြောသည်။

အထက်ပါ ရဲစခန်းတိုက်ခိုက်ခံရမှုနှင့်စပ်လျဥ်းပြီး မည်သည့်အဖွဲ့အစည်း၏လက်ချက်ဖြစ်သည်ဆိုခြင်းနှင့် ထိခိုက်မှုရှိ၊ မရှိ စသည်တို့ကို မသိရသေးပေ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲစခန်းတစ်ခု ပစ်ခတ်ခံရတဲ့နောက် လုံခြုံရေး တိုးမြှင့်ထားသလို အနီးမှာရှိတဲ့ ကျောင်းတစ်ကျောင်းကိုလည်း ပိတ်ထားရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။