နိုဝင်ဘာ ၂၇၊၂၀၂၆။သုည/Peoples Spring
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ ဒေသခံတော်လှန်ပြည်သူတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေးအတွက် Free Her လူထုလှုပ်ရှားမှုကို ဒီကနေ့ (နိုဝင်ဘာ ၂၇) ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီ့လူထုလှုပ်ရှားမှုကို လက်ပံတောင်းတောင်ပင်မသပိတ်၊ ဆားလင်းကြီးမြို့နယ် ဒေသခံပြည်သူတွေနဲ့ လူငယ်တွေက ပူးပေါင်းပြုလုပ်ခဲ့ကြတာပါ။
တော်လှန်ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံနဲ့ Free Her စာသားကို ကိုင်ဆောင်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေးအတွက် တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

Public Service Announcement
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် မြန်မာနိုင်ငံတဝန်းနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ FREE HER လူထုလှုပ်ရှားမှုတွေ ပြုလုပ်နေကြတာပါ။


























































