Connect with us

Hi, what are you looking for?

News

NUGနှင့် အကြမ်းဖက်စစ်ကောင်စီ တွေ့ဆုံ​​ဆွေးနွေးသည်ဟု သတင်းအမှားဖြင့်ဝါဒဖြန့် ​နေကြ၊ လုံးဝသတင်းအမှားဟု ကာကွယ်ရေးဝန်ကြီး တုံ့ပြန်

Aung Naing Htwe အမည်ဖြင့်ဖေ့စ်ဘုတ်သုံးစွဲသူက “နစက နှင့် NUG တို့ချင်းမိုင်မှာ ညှိနှိုင်းကြပါတယ်ခင်ဗျာ” ဟု ဝါဒဖြန့်ရေးသားထားခြင်းအပေါ် ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က စစ်ကောင်စီနှင့်တွေ့ဆုံရန်အကြောင်း မရှိကြောင်း တုံ့ပြန်ထားသည်။

(သတင်းအမှားဖြန်ချီ​​နေ​သောအ​ကောင့် ၂ ခု)

-တော်လှန်ရေး အင်အားစုများအကြားအထင်အမြင်လွှဲမှားစေလိုခြင်း​ကြောင့်သတင်းအမှားဖြန့်ဟု ကာကွယ်​ရေးအတွင်းဝန်သုံးသပ်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နှင့် အကြမ်းဖက်စစ်ကောင်စီတို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံညှိနှိုင်းသည်ဟူသော လူမှုကွန်ရက်၌ ဝါဒဖြန့်မှုများမှာ သတင်းအမှားဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ယ​နေ့နံနက်ပိုင်းတွင် ရှင်းလင်းတုံ့ပြန်လိုက်သည်။

Aung Naing Htwe အမည်ဖြင့်ဖေ့စ်ဘုတ်သုံးစွဲသူက “နစက နှင့် NUG တို့ချင်းမိုင်မှာ ညှိနှိုင်းကြပါတယ်ခင်ဗျာ” ဟု ဝါဒဖြန့်ရေးသားထားခြင်းအပေါ် ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က စစ်ကောင်စီနှင့်တွေ့ဆုံရန်အကြောင်း မရှိကြောင်း တုံ့ပြန်ထားသည်။

“လုံး၀သတင်းအမှားပါ။ ဦးရည်မွန်လည်း ချင်းမိုင်မှာမရှိသလို စစ်ကောင်စီနဲ့တွေ့ဖို့လည်းအကြောင်းမရှိပါ”ဟု ဦးရည်မွန်၏ ဖေ့စ်ဘွတ်ခ်အကောင့်တွင် ရေးသားထားသည်။

Public Service Announcement

Public Service Announcement

(သတင်းအမှားဖြန်ချီ​​နေ​သောအ​ကောင့် ၂ ခု)

Aung Naing Htwe အကောင့်က ၎င်း၏ ရေးသားမှုသည် ရာနှုန်းပြည့်မှန်ကန်ပြီး ဦးရည်မွန်ထံမှ ရရှိသည့် သတင်းဖြစ်ကြောင်း ဝါဒဖြန့်ထားသည်။

Aung Naing Htwe အကောင့်သည် ဂိုလ်ရှယ်လေးဟု ဖေ့စ်ဘွတ်ခ်၌ လူသိများပြီး သတင်းအမှားများကို ထင်မြင်ချက်များဖြင့် ပုံမှားရိုက်နေသူဖြစ်ကြောင်းနှင့် စစ်ကောင်စီအလိုကျ ဝါဒဖြန့် နေသူဖြစ်ကြောင်း ဖေ့စ်ဘွတ်ခ်သုံးစွဲသူအချို့က မှတ်ချက်ပြုရေးသားသည်။

ကာကွယ်​ရေးဝန်ကြီးကရှင်းလင်းထား​သည့်ကြားကပင် နင်းကြမ်းသားဆို​သော ​ဖေစ်ဘွခ်သုံးစွဲသူတစ်ဦးကလည်းအဆိုပါ​တွေ့ဆုံမှုမှာဟုတ်မှန်​ကြောင်း ဒီဇင်ာဘာ ၃၁ ရက် ​နေ့ခင်းပိုင်းတွင်ချန်ဂရီလာဟိုတယ်( ချင်းမိုင်)တွင်​တွေ့ဆုံခြင်းဖြစ်​ကြောင်း သတင်းအမှားတင်၍ ဝါဒဖြန့် ပြန်သည်။

ထို​ကြောင့် ကာကွယ်​ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူး​အောင်က​ ​တွေ့ဆုံခဲ့သည်ဆိုသည်မှာ လုံးဝမဟုတ်​ကြောင်းထပ်မံရှင်းလင်းခဲ့သည်။

“NUG နှင့် စကစ ထိုင်းနိုင်ငံ ချင်းမိုင်မှာ တွေ့ဆုံခဲ့သည် ဆိုသော သတင်းမှာ လုံးဝ (လုံးဝ) မဟုတ်မှန်ပါ။ တစ်စုံတစ်ရာသော ရည်ရွယ်ချက်ဖြင့် သတင်းတုများ ဖန်တီးနေသည်ဟု ယူဆပါသည်။တော်လှန်ရေး အင်အားစုများ အကြား အထင်အမြင်လွှဲမှားစေလိုခြင်း နှင့် NUG ၏ တု့န်ပြန်မှုကို သိရှိလိုခြင်း တို့ကြောင့် သတင်းတုများ ထုတ်လွှင့်နေခြင်းဟု ခန့်မှန်းသုံးသပ်မိပါသည်။”ဟု ဦးနိုင်ထူး​အောင်က ​ရေးသား၍ ရှင်းပြထားသည်။

စစ်အာဏာရှင်နှင့် အာဏာရှင်မှန်သမျှ အမြစ်ပြတ်အောင် တော်လှန်နေသူအားလုံးက ‘သွေးကြွေးတွင် ဆွေးနွေးစရာ’ ဟူသောကြွေးကြော်သံဖြင့် အရေးတော်ပုံအောင်မြင်သည်အထိ ဆက်လက်ချီတက်နေကြသည်။​တော်လှန်​ရေးအရှိန်​တက်​နေချိန်တွင် သတင်းအမှားလွှင့်၍ ဝါဒဖြန့်သူများမှာ အကြမ်းဖက်စစ်​ကောင်စီနှင့် ဆက်နွှယ်​နေသူများဖြစ်ပြီး သတင်းအမှားလွှင့်၍ NUG အ​ပေါ်ပြည်သူမျာအထင်အမြင်
လွဲမှား​စေရန် ၊ ​တော်လှန်​ရေးလုပ်သူများကြား​သွေးကွဲ​စေရန် ၊ပြည်သူများ​တော်လှန်​ရေးသမားများ စိတ်​ထွေပြားသွား​စေရန် သတင်းအမှားများကို ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖြန့်ချီ​နေခြင်းဖြစ်​ကြောင်း ​အကြမ်းဖက်စစ်​​ကောင်စီကို​တော်လှန်​နေသူများက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။