Connect with us

Hi, what are you looking for?

LuduNwayOo

News

မြစ်ကြီးနားမှ အခြားဒေသများသို့ ညပိုင်းအသွားအလာ မလုပ်ရန် KIA သတိပေးချက်ထုတ်ပြန်

မြစ်ကြီးနားမှ တနိုင်း၊ မြစ်ကြီးနားမှ ပူတာအို၊ မြစ်ကြီးနားမှ ဖားကန့်နှင့် မြစ်ကြီးနားမှ စစ်ကိုင်းတိုင်းသို့ ခရီးသွားလာနေကြသော မိဘပြည်သူများနှင့် ကုန်တင်ကားများ၊ ဆီဘောက်ဆာကားများ၊ အမျိုးမျိုးသော စီးပွားရေး လုပ်ငန်းသုံးကားများသည် ည ၇နာရီမှ နံနက် ၅နာရီ အတွင်း သွားလာခြင်း မပြုလုပ်ရန် သတိပေးကြောင်း စာတွင် ဖော်ပြထားခြင်းဖြစ်သည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မှ အခြားဒေသများသို့ ညပိုင်းတွင် သွားလာခြင်းမပြုလုပ်ရန် ကချင်လက်နက်ကိုင်အဖွဲ့(KIA) တပ်ရင်း (၁၁)က ယနေ့ ဇွန်လ ၂၅ရက် ရက်စွဲဖြင့် သတိပေးချက်ထုတ်ပြန်သည်။

KIA အမှတ် (၁၁) တပ်ရင်း မှ ၎င်းလှုပ်ရှားနယ်မြေ အတွင်း အခြေချနေထိုင်ကြသော ပြည်သူများ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် ခရီးသွား ပြည်သူများအားလုံးကို သတိပေးချက်ထုတ်ပြန်ခြင်းဖြစ်သည်။

မြစ်ကြီးနားမှ တနိုင်း၊ မြစ်ကြီးနားမှ ပူတာအို၊ မြစ်ကြီးနားမှ ဖားကန့်နှင့် မြစ်ကြီးနားမှ စစ်ကိုင်းတိုင်းသို့ ခရီးသွားလာနေကြသော မိဘပြည်သူများနှင့် ကုန်တင်ကားများ၊ ဆီဘောက်ဆာကားများ၊ အမျိုးမျိုးသော စီးပွားရေး လုပ်ငန်းသုံးကားများသည် ည ၇နာရီမှ နံနက် ၅နာရီ အတွင်း သွားလာခြင်း မပြုလုပ်ရန် သတိပေးကြောင်း စာတွင် ဖော်ပြထားခြင်းဖြစ်သည်။

သတ်မှတ်ထားသော နယ်မြေအတွင်း အိမ်စီးကားများ၊ ခရီးသည်တင်ကားများနှင့် အခြားလူမှုအဖွဲ့အစည်းများ၏ ကားပေါ်တွင် အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ စစ်ပစ္စည်း၊ လက်နက်ခဲယမ်းများနှင့် စားနပ်ရိက္ခာများ ၊ ယာဉ်သုံးဆီများ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တင်ဆောင်ပေးခြင်းနှင့် မလိုအပ်ဘဲ မိုးကာအုပ်မိုး၍ သွားလာခြင်း မပြုလုပ်ရန်လည်း KIAက သတိပေးထားသည်။

Public Service Announcement

Public Service Announcement

သတိပေးထုတ်ပြန်ချက်ကို မလိုက်နာပါက ဖြစ်ပေါ်လာသော ပြဿနာအရပ်ရပ်ကို လုံး၀ တာဝန်ယူမည်မဟုတ်ကြောင်း KIAက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။