Connect with us

Hi, what are you looking for?

News

မြစ်ကြီးနားမှ အခြားဒေသများသို့ ညပိုင်းအသွားအလာ မလုပ်ရန် KIA သတိပေးချက်ထုတ်ပြန်

မြစ်ကြီးနားမှ တနိုင်း၊ မြစ်ကြီးနားမှ ပူတာအို၊ မြစ်ကြီးနားမှ ဖားကန့်နှင့် မြစ်ကြီးနားမှ စစ်ကိုင်းတိုင်းသို့ ခရီးသွားလာနေကြသော မိဘပြည်သူများနှင့် ကုန်တင်ကားများ၊ ဆီဘောက်ဆာကားများ၊ အမျိုးမျိုးသော စီးပွားရေး လုပ်ငန်းသုံးကားများသည် ည ၇နာရီမှ နံနက် ၅နာရီ အတွင်း သွားလာခြင်း မပြုလုပ်ရန် သတိပေးကြောင်း စာတွင် ဖော်ပြထားခြင်းဖြစ်သည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မှ အခြားဒေသများသို့ ညပိုင်းတွင် သွားလာခြင်းမပြုလုပ်ရန် ကချင်လက်နက်ကိုင်အဖွဲ့(KIA) တပ်ရင်း (၁၁)က ယနေ့ ဇွန်လ ၂၅ရက် ရက်စွဲဖြင့် သတိပေးချက်ထုတ်ပြန်သည်။

KIA အမှတ် (၁၁) တပ်ရင်း မှ ၎င်းလှုပ်ရှားနယ်မြေ အတွင်း အခြေချနေထိုင်ကြသော ပြည်သူများ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် ခရီးသွား ပြည်သူများအားလုံးကို သတိပေးချက်ထုတ်ပြန်ခြင်းဖြစ်သည်။

မြစ်ကြီးနားမှ တနိုင်း၊ မြစ်ကြီးနားမှ ပူတာအို၊ မြစ်ကြီးနားမှ ဖားကန့်နှင့် မြစ်ကြီးနားမှ စစ်ကိုင်းတိုင်းသို့ ခရီးသွားလာနေကြသော မိဘပြည်သူများနှင့် ကုန်တင်ကားများ၊ ဆီဘောက်ဆာကားများ၊ အမျိုးမျိုးသော စီးပွားရေး လုပ်ငန်းသုံးကားများသည် ည ၇နာရီမှ နံနက် ၅နာရီ အတွင်း သွားလာခြင်း မပြုလုပ်ရန် သတိပေးကြောင်း စာတွင် ဖော်ပြထားခြင်းဖြစ်သည်။

သတ်မှတ်ထားသော နယ်မြေအတွင်း အိမ်စီးကားများ၊ ခရီးသည်တင်ကားများနှင့် အခြားလူမှုအဖွဲ့အစည်းများ၏ ကားပေါ်တွင် အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ စစ်ပစ္စည်း၊ လက်နက်ခဲယမ်းများနှင့် စားနပ်ရိက္ခာများ ၊ ယာဉ်သုံးဆီများ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တင်ဆောင်ပေးခြင်းနှင့် မလိုအပ်ဘဲ မိုးကာအုပ်မိုး၍ သွားလာခြင်း မပြုလုပ်ရန်လည်း KIAက သတိပေးထားသည်။

Public Service Announcement

Public Service Announcement

သတိပေးထုတ်ပြန်ချက်ကို မလိုက်နာပါက ဖြစ်ပေါ်လာသော ပြဿနာအရပ်ရပ်ကို လုံး၀ တာဝန်ယူမည်မဟုတ်ကြောင်း KIAက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာတဲ့စစ်သင်္ဘောတွေ ဒီက​နေ့ မနက်မှာ မန္တလေး ​ဂေါဝိန်ဆိပ်ကမ်းကိုဆိုက်ကပ်ပြီးဒဏ်ရာရစစ်သားအများစုကို ပြင်ဦးလွင်စစ်ဆေးရုံကိုပို့ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

Facebook