Connect with us

Hi, what are you looking for?

News

ဝက်လက်မြို့နယ်မှ နှစ်ရက်ဆက်တိုက်ပွဲစစ်​ကောင်စီတပ် ၄၀ ခန့်​သေ

“ရှိမ်းမကား ‌တောင်ဘက် တောအနီးတဝိုက်က အိမ်တွေတဲတွေကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်။ ဒီကနေ့မနက်ပိုင်းလည်း ရေကြောင်းကနေတက်လာတာတွေရှိတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

(ဝက်လက် PDF များကလက်နက်ခဲယမ်းမ​လုံ​​လောက်​သော်လည်း အ​ကောင်းဆုံးခုခံတိုက်ခိုက်ခဲ့ကြသည်။ ဓါတ်ပုံ-ဝက်လက်PDF)

■စစ်​ကောင်စီတပ်ပိတ်မိ​နေစဥ်ရဟတ်ယာဥ်အကူရောက်လာပြီးပစ်ခတ်၍PDF ၁ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ခရိုင်ချင်းဆက်လမ်းအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ – PDFများ နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ လေးဆယ်ခန့်သေဆုံးနိုင်ကြောင်း ဒေသခံများက ပြောသည်။

ဒီဇင်ဘာလ ၃၁ရက်နေ့ မွန်းလွဲ ၁နာရီ ၄၀ မိနစ် ဝန်းကျင်က ထိုးစစ်ဆင်လာ‌သော ပျူစောထီးများပါ ပါဝင်သည့် အကြမ်းဖက်တပ်ဖွဲ့ကို ဝက်လက် PDF ပူးပေါင်းတပ်က နှစ်ဖက် ကြားညပ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်များ ပိတ်မိနေပြီး နှစ်ရက်ကြာတိုက်ပွဲများတွင် အကြမ်း‌ဖက်စစ်ကောင်စီတပ်သား ၄၀ ဦးကျဆုံးခဲ့ကြောင်းဝက်လက်မြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။

အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် ခုခံနိုင်ခြင်းမရှိတော့၍ ထွက်ပြေးရာ ဝက်လက် PDF ပူးပေါင်းတပ်က လိုက်လံပစ်ခက်နေစဉ် စစ်ကောင်စီဘက်မှ ရဟတ်ယာဥ်​ရောက်လာပြီးစက်သေနတ်များ၊လက်နက်ကြီးများဖြင့် ရဟတ်ယာဥ်​ပေါ်မှ ပသ်ခတ်သောကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရပြီး ဝက်လက် PDF တပ်ရင်း(၂) မှ ရဲဘော် ၁ ဦးကျဆုံးခဲ့သည်။ဝက်လက် PDF ပူးပေါင်းတပ်ဖွဲ့သည်လက်နက်ခဲယမ်းမလုံလောက်သည့်ကြားက အကောင်းဆုံးခုခံတိုက်ခိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“ရဟတ်ယာဥ်ပေါ်ကနေ လက်နက်ကြီးတွေကော စက်သေနတ်တွေနဲ့ကော ပစ်တာဗျ။ သေနတ်နဲ့ပစ်တဲ့အချိန်နောက်ပြန်ဆုတ်တဲ့အချိန် တပ်ရင်း ၂ကရဲဘော်တစ်ဦးကျသွားတာပါ။”ဟု ဝက်လက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူကဖြေကြားသည်။

တိုက်ပွဲကြောင့် ရှိမ်းမကားမြောက်ဘက်ရွာအများစုမှာ ယမန်နေ့ (ဇန်နဝါရီ ၁) ညနေ ၆ နာရီဝန်းကျင်ကလက်နက်ကြီးသံများကြားခဲ့ရပြီး ရဟတ်ယာဥ်​ပေါ်မှ ​သေနတ်ဖြင့်ပစ်မည်ကိုကြောက်၍ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ခရိုင်ချင်းဆက်လမ်းအနီး ကျေးရွာအချို့မှ ဒေသခံများက ပြောသည်။

“ရှိမ်းမကား ‌တောင်ဘက် တောအနီးတဝိုက်က အိမ်တွေတဲတွေကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်။ ဒီကနေ့မနက်ပိုင်းလည်း ရေကြောင်းကနေတက်လာတာတွေရှိတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့တိုက်ပွဲသည် ဝက်လက်မြို့နယ်အရှေ့ခြမ်း ဘုရားလေးကုန်းကျေးရွာအတွင်း တပ်စွဲထားသော အင်အား ၇၀ ခန့်ရှိမည့်အကြမ်းဖက်စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နှစ်နာရီခန့်ကြာမြင့်ခဲ့ရာ အကြမ်းဖက်စစ်တပ်ဘက်မှ ၁၂ဦးခန့်သေဆုံးကြောင်း ဝက်လက်PDFက ခန့်မှန်းသည်။

ထိုအပြင်အကြမ်းဖက်စစ်တပ်သည် ဇန်နဝါရီလ ၁ ရက်နေ့က ဘုရားလေးကုန်းကျေးရွာအတွင်းရှိ နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး နံနက် ၁၁ နာရီဝန်းကျင်၌ ဒေသတွင်းPDFများက ဝင်ရောက်ပစ်ခတ်ခဲ့ရာ ၆ နာရီကြာ ပြင်းထန်စွာတိုက်ပွဲဖြစ်ပွားခဲ့သည်။ညနေ ၆ နာရီခန့်တွင် ဟတ်စကီးဖြင့် စက်သေနတ်များဗုံးသီးများသုံးကာ လေကြောင်းပစ်ခတ်ခဲ့ကြောင်း၊ ထိုတိုက်ပွဲတွင်အကြမ်းဖက်စစ်တပ်ဘက်မှ သုံးဆယ်ခန့်သေဆုံးပြီး လေကြောင်းပစ်ကူကြောင့် သုံးဆယ်ခန့်လွတ်မြောက်သွားခဲ့ခြင်းဖြစ်ကြောင်း ဝက်လက်PDF က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook