Connect with us

Hi, what are you looking for?

News

ဂန့်​ဂေါ​လေယာဥ်ကွင်းရှိ ​စျေးကို ​​ပြောင်း​ရွှေ့ရန် စစ်​ကောင်စီအဖွဲ့ ညွန်ကြား၊ စစ်​ရေးအရ အသုံးပြုရန် စီစဥ်နေဟု ​ဒေသခံများ​ပြော

“ပြီးခဲ့တဲ့ရက်တွေက စစ်ခွေးတွေအထိနာသွားတာက အရင်စပြောရမှာပဲ။ဒါကြောင့်အင်အားဖြည့်နေတယ်လို့ ယေဘုယျ သုံးသပ်လို့ရတယ်။ အရေးအကြီးဆုံး သတိထားရမှာက ပြည်သူလူထရဲ့အသက်အိုးအိမ်စည်းစိမ်ဖြစ်တယ်”ဟု ယောဒေသပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

မ​ကွေးတိုင်း ဂန့်ဂေါမြို့ လေယာဉ်ကွင်း​ဟောင်းအတွင်းရှိ ယာယီဈေးကို မူလမြို့မစျေးနေရာသို့ ပြောင်းရွှေ့ရန် အကြမ်း ဖက်စစ်ကောင်စီကညွှန်ကြားကြောင်း ဒေသခံများက ပြောသည်။

ဂန့်ဂေါလေယာဥ်ကွင်း​ဟောင်းကို အကြမ်းဖက်စစ်တပ်က ပြန်လည်ပြုပြင်ပြီး စစ်ရေးအရအသုံးပြုရန် စီစဥ်နေခြင်းဖြစ်ကြောင်း ၎င်းတို့က သုံးသပ်သည်။

“ကိုဗစ်ကာလစည်းကမ်းချက်တွေအရ လေယာဉ်ကွင်းထဲ ပြောင်းဖွင့်ခဲ့တာ ကြာပြီ။ ၂၀၂၀လောက်ကတည်းက။ဒီနေ့ကစလို့ အရင်မြို့မစျေးထဲကို ပြန်ပြောင်းရမယ်လို့ လာပြောတယ်”ဟု ဂန့်ဂေါမြို့ခံတစ်ဦးက ပြောသည်။

ထို့အပြင် ကျောက်ထုလေယာဥ်ကွင်းကိုလည်း အကြမ်းဖက်စစ်ကောင်စီညွှန်ကြားချက်ဖြင့် နိုဝင်ဘာမှစ၍ ပြင်ဆင်ခဲ့ပြီးလက်ရှိအချိန်ထိ ပြင်ဆင်နေဆဲဟု သိရသည်။

Public Service Announcement

Public Service Announcement

ယခုကဲ့သို့ လေယာဥ်ကွင်းများပြန်လည် ပြင်ဆင်ခြင်းသည် ယောဒေသဖြစ်သော (ဂန့်ဂေါ ၊ကျော၊ထီးလင်း၊ဆော၊ကျောက်ထု)တွင် အကြမ်းဖက်စစ်တပ်၏ စစ်ရေးမှာ အရှိန် တိုးမြှင့်လာဖွယ်ရှိကြောင်းလည်း ဒေသခံပြည်သူ့တပ်ဖွဲ့များက သုံးသပ်သည်။

ထို့အပြင် ဇန်နဝါရီ ၂ ရက်ကလည် ဂန့်ဂေါမြို့ နယ် တောင်ပိုင်း မြစ်သာဆည်ပေါ်သို့ အကြမ်းဖက်စစ်ကောင်စီက ရဟတ်ယာဥ် ​လေးစင်းအင်အားဖြည့်တင်းရန် ဆင်းသက်ခဲ့သည်ဟု ဒေသခံတပ်ဖွဲ့များက ထောက်လှမ်းရရှိခဲ့သည်။

“ပြီးခဲ့တဲ့ရက်တွေက စစ်ခွေးတွေအထိနာသွားတာက အရင်စပြောရမှာပဲ။ဒါကြောင့်အင်အားဖြည့်နေတယ်လို့ ယေဘုယျ သုံးသပ်လို့ရတယ်။ အရေးအကြီးဆုံး သတိထားရမှာက ပြည်သူလူထရဲ့အသက်အိုးအိမ်စည်းစိမ်ဖြစ်တယ်”ဟု ယောဒေသပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

ယမန်နေ့က စစ်ရေးတိုးချဲ့ခဲ့သည့် အကြမ်းဖက်စစ်ကောင်စီ၏ ထိုးစစ်ကို မြစ်သာဆည် အနီးကျေးရွာများဖြစ်သည့် စံပယ်၊စင်ပုံ၊ပနန်း၊ယင်းမာ နှင့် ပြင်သာကျေးရွာများအနေဖြင့် လုံခြုံရေးအထူးသတိပြုရန် အသိပေးသည်။

အကြမ်းဖက်စစ်​ကောင်စီတပ်က ကုန်းကြောင်း နှင့် လေကြောင်း ထိုးစစ်ကို တပြိုင်းတည်း စတင်နိုင်သည့်အတွက် ပြည်သူ့တပ်ဖွဲ့များနှင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များအနေဖြင့်လည်းအရေးပေါ် ကြိုတင်ပြင်ဆင် ကြရန်လည်း တိုက်တွန်းမှုများရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook