Connect with us

Hi, what are you looking for?

News

မင်း​အောင်လှိုင်အတွက် ဖမ်းဝရမ်းလက်မခံရန်စာ​ပေါက်ကြားမှု​ကြောင့်ဆိုကာ တရားလွှတ်​တော်ချုပ်၊ သု​တေသနဌာနတစ်ခုလုံးကို စစ်​ကောင်စီတရားစွဲဆို

“ထွက်လာတဲ့ စာပါဓာတ်ပုံက ထောင့်စွန်းမှာ စားပွဲခင်းလေးပါနေတယ်။ ဒီစားပွဲခင်းက သုတေသနဌာနက စားပွဲခင်းဆိုပြီးတရားစွဲတာ”ဟု ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှဝန်ထမ်းများနှင့်အဆက်အသွယ်ရှိသော CDM တရားရေးဝန်ထမ်းတစ်ဦးက ပြောသည်။

(ဖမ်းဝရမ်းနှင့် ဆင့်​ခေါ်စာ လက်မခံရန် ညွန်ကြားစာ)

အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ထံနိုင်ငံတကာတရားရုံးများထံမှ ဖမ်းဝရမ်း(သို့မဟုတ်) ဆင့်ခေါ်စာပို့လာပါကလက်မခံကြရန် ဌာနတွင်း ညွှန်ကြားစာ ‌ပြင်ပသို့ ပေါက်ကြားခဲ့မှုကြောင့်ဟုဆိုကာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ သုတေသနဌာနတစ်ခုလုံးကို တရားစွဲဆိုထားသည်ဟု CDM တရားရေးဝန်ထမ်းအချို့က People’s Spring သတင်းဌာနသို့ပြောကြားသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ သုတေသနဌာနမှ ဝန်ထမ်းများကို စစ်ကောင်စီ၏ ဥပဒေရေးရာဝန်ကြီးဌာနက တရားစွဲဆိုထားခြင်းဟု CDM တရားသူကြီးတစ်ဦးကပြောသည်။

“ထွက်လာတဲ့ စာပါဓာတ်ပုံက ထောင့်စွန်းမှာ စားပွဲခင်းလေးပါနေတယ်။ ဒီစားပွဲခင်းက သုတေသနဌာနက စားပွဲခင်းဆိုပြီးတရားစွဲတာ”ဟု ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှဝန်ထမ်းများနှင့်အဆက်အသွယ်ရှိသော CDM တရားရေးဝန်ထမ်းတစ်ဦးက ပြောသည်။

နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖြင့် တရားစွဲထားခြင်းဖြစ်ပြီး ယင်းလုပ်ရပ်ကြောင့် ဌာနချင်း အမြင်မကြည်လင်မှုများဖြစ်နေသည်ဟုလည်း တရားရေးအသိုင်းအဝိုင်းထံမှ သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

ပြစ်မှုဆိုင်ရာနိုင်ငံတကာ ခုံရုံး (International Criminal Court – ICC) နှင့် အာဂျင်တီးနားတရားရုံးများနှင့် တရားစွဲဆိုသူ များထံမှ ပေးပို့လာသည့်စာဖြစ်စေ၊ ပြည်ပသွားလာခွင့်ကန့်သတ်ခြင်းဆိုင်ရာ ဖမ်းဆီးမိန့်ဖြစ်စေ၊ ဖမ်းဝရမ်း သို့မဟုတ် လာရောက်ရန်သမ္မန်စာဖြစ်စေ ပြည်ပမှဝင်ရောက်လေ့ရှိသည့် DHL အပါအဝင် အမြန်ချောပို့နှင့် အခြားနည်းလမ်းများဖြင့် ပေးပို့လာသည့်စာများကို လက်ခံခြင်းမပြုရန် စစ်ကောင်စီက ဒီဇင်ဘာ ၂၅ ရက်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ပေးပို့ခဲ့သည်။ယင်းနှင့်ပတ်သက်၍ ဌာနတွင်း ညွှန်ကြားချက်ကို ပြည်ထောင်စု တရားသူကြီးချုပ်က အောက်ခြေ ဌာနများသို့ ထပ်မံဖြန့်ဝေခဲ့သည့် စာသည် ပြင်ပသို့ ပေါက်ကြားလာခြင်းဖြစ်သည်။

မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်သည် ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာများအား လူမျိုးတုန်းသတ်ဖြတ်မှု အပါအဝင် ၂၀၂၁ ဖေဖော်ဝါရီ၁ ရက်နိုင်ငံတော်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူများအား ဖမ်းဆီး နှိပ်စက် သတ်ဖြတ်မှု၊ လူမျိုးတုန်း သတ်ဖြတ်မှု၊ လေကြောင်းအသုံးပြုကာ အရပ်သားပြည်သူများကို သတ်ဖြတ်မှု စသည်တို့ကြောင့် ပြစ်မှုဆိုင်ရာနိုင်ငံတကာ ခုံရုံးတွင်တိုင်ကြားခံထားသည်။

လူမျိုးတုန်းသတ်ဖြတ်မှုဖြင့်အပြစ်ပေးအရေးယူခံရမည်ကို ကြောက်လန့်နေသည့် အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်၏ ဥပဒေမဲ့ညွှန်ကြားမှုများကို လိုက်နာကာ ဌာနတွင်း ဥပဒေမဲ့ညွှန်ကြားစာထပ်ဆင့်ထုတ်ပြန်ခဲ့သည့် ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးကိုလည်း တရားရေးအသိုင်းအဝိုင်းက ပြစ်တင်ရှုတ်ချနေကြသည်။ CDM ပြုလုပ်နေသည့် တရားရေးဝန်ထမ်းများကမူ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးအား မာမီထွန်းဟု အမည်ပြောင် ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

နိုင်ငံတကာ

အရင်က အင်တာဗျူး အသံဖိုင်တွေနဲ့ စာသား မှတ်တမ်းတွေ ထုတ်ပြန်လာမှာကို တားဆီးဖို့အတွက် အမေရိကန် သမ္မတဟောင်း ဂျိုးဘိုင်ဒန်က အမေရိကန် တရားရေး ဝန်ကြီးဌာနကို တရားစွဲဆိုခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။