Connect with us

Hi, what are you looking for?

News

မုံရွာမြို့ လွတ်လပ်​ရေး​နေ့တွင် သုံး​နေရာကို ပြည်သူများသွားလာခြင်းမပြုရန် သတိပေး

မုံရွာမြို့အထူးဒေသတိုက်ခိုက်ရေးတပ်ဖွဲ့သည် ဇန်နဝါရီ၁ ရက်က မုံရွာမြို့ ကျောက္ကာလမ်း ​မြဝတီရပ်ကွက်ရုံးရှေ့ရှိ အကြမ်းဖက်စစ်တပ် တပ်စွဲထားသော မိုးကောင်းခြံကို သေနတ်ဖြင့်ပစ်ခတ်ကာ ခုခံတိုက်ခိုက်ခဲ့ကြသည်။

စစ်ကိုင်းတိုင်း မုံရွာမြို့တွင် နံနက်ဖြန် ဇန်နဝါရီ ၄ရက်နေ့ (လွတ်လပ်ရေးနေ့)၌ မြို့ပေါ်နေရာသုံးနေရာသို့ သွားလာခြင်းမပြုရန် မုံရွာမြို့အထူးဒေသတိုက်ခိုက်ရေးတပ်ဖွဲ့က သတိပေး ကြေညာသည်။

နံနက်ဖြန် ဇန်နဝါရီ၄ ရက် နံနက် ၄ နာရီမှ မွန်းလွဲ ၁ နာရီအတွင်း မုံရွာမြို့ပေါ် မှ ကန်သာယာရပ်ကွက်ရှိ လွှတ်လပ်ရေးကျောက်တိုင် မြို့သစ်ရပ်ကွက်အနီးရှိ လွှတ်တော်ရုံးနှင့်မြို့တော်ခန်းမ(ဗိုလ်ချုပ်ကြေးရုပ်အနီး) သို့ မိဘပြည်သူများအနေအဖြင့် သွားလာမှုများ မပြုလုပ်ကြပါရန် မုံရွာမြို့အထူးဒေသတိုက်ခိုက်ရေးတပ်ဖွဲ့က သတိပေးသည်။

မိဘ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို အဓိက ကာကွယ်စောင့်ရှောက်ပေးနေသော ကြောင့် ပြည်သူများအနေဖြင့် ထုတ်ပြန်ချက်များကို ‌လေးစားလိုက်နာပေးစေလိုကြောင်း မုံရွာအထူးကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်”ဗိုလ်နာရွဲ့ဆွမ်”မှ အထူးမေတ္တာရပ်ခံတောင်းဆိုလိုက်ပါသည်ဟု ရေးသားထားသည်။

မုံရွာမြို့အထူးဒေသတိုက်ခိုက်ရေးတပ်ဖွဲ့သည် ဇန်နဝါရီ၁ ရက်က မုံရွာမြို့ ကျောက္ကာလမ်း ​မြဝတီရပ်ကွက်ရုံးရှေ့ရှိ အကြမ်းဖက်စစ်တပ် တပ်စွဲထားသော မိုးကောင်းခြံကို သေနတ်ဖြင့်ပစ်ခတ်ကာ ခုခံတိုက်ခိုက်ခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုကအာဏာတည်မြဲဖို့ နိုင်ငံရေးအကျဉ်းသားတွေကို အယောင်ပြလွှတ်ပေးတာ၊ အတုအယောင်ရွေးကောက်ပွဲတွေလုပ်ပြီး အစိုးရဖွဲ့တာစတဲ့ ကမ္ဘာကိုလိမ်ညာဖို့ ကြိုးစားနေနေပြီး အဲဒီအပေါ်ယံ ဟန်ပြလုပ်ရပ်တွေရဲ့နောက်ကွယ်မှာ ပြည်သူ့သွေးနဲ့ လမ်းခင်းထားတာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဆောင်းပါး

ရန်ကုန်-ပုသိမ်အဝေးပြေးကားလမ်းမ တလျှောက် စစ်တပ်စစ်ဆေးရေးဂိတ်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လက်ထဲမှာ ခါတိုင်းကိုင်ထားနေကြ သေနတ်နဲ့ ငွေစက္ကူအကြွေတွေအပြင် ​မေလ ၄ မှာတော့ ပိတောက်ပန်းတွေပါ ​တွေ့ရပါတယ်။