စစ်ကိုင်းတိုင်း မုံရွာမြို့တွင် နံနက်ဖြန် ဇန်နဝါရီ ၄ရက်နေ့ (လွတ်လပ်ရေးနေ့)၌ မြို့ပေါ်နေရာသုံးနေရာသို့ သွားလာခြင်းမပြုရန် မုံရွာမြို့အထူးဒေသတိုက်ခိုက်ရေးတပ်ဖွဲ့က သတိပေး ကြေညာသည်။
နံနက်ဖြန် ဇန်နဝါရီ၄ ရက် နံနက် ၄ နာရီမှ မွန်းလွဲ ၁ နာရီအတွင်း မုံရွာမြို့ပေါ် မှ ကန်သာယာရပ်ကွက်ရှိ လွှတ်လပ်ရေးကျောက်တိုင် မြို့သစ်ရပ်ကွက်အနီးရှိ လွှတ်တော်ရုံးနှင့်မြို့တော်ခန်းမ(ဗိုလ်ချုပ်ကြေးရုပ်အနီး) သို့ မိဘပြည်သူများအနေအဖြင့် သွားလာမှုများ မပြုလုပ်ကြပါရန် မုံရွာမြို့အထူးဒေသတိုက်ခိုက်ရေးတပ်ဖွဲ့က သတိပေးသည်။
မိဘ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို အဓိက ကာကွယ်စောင့်ရှောက်ပေးနေသော ကြောင့် ပြည်သူများအနေဖြင့် ထုတ်ပြန်ချက်များကို လေးစားလိုက်နာပေးစေလိုကြောင်း မုံရွာအထူးကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်”ဗိုလ်နာရွဲ့ဆွမ်”မှ အထူးမေတ္တာရပ်ခံတောင်းဆိုလိုက်ပါသည်ဟု ရေးသားထားသည်။
မုံရွာမြို့အထူးဒေသတိုက်ခိုက်ရေးတပ်ဖွဲ့သည် ဇန်နဝါရီ၁ ရက်က မုံရွာမြို့ ကျောက္ကာလမ်း မြဝတီရပ်ကွက်ရုံးရှေ့ရှိ အကြမ်းဖက်စစ်တပ် တပ်စွဲထားသော မိုးကောင်းခြံကို သေနတ်ဖြင့်ပစ်ခတ်ကာ ခုခံတိုက်ခိုက်ခဲ့ကြသည်။

Public Service Announcement


















































