Connect with us

Hi, what are you looking for?

News

စစ်ကောင်စီထုတ်ကုန်များ ရောင်းဝယ် သယ်ယူပို့ဆောင်ခြင်းမပြုရန် KIO မြစ်ကြီးနားခရိုင် သတိပေး

KIO ဌာနချုပ် လိုင်ဇာတွင်လည်း မြန်မာဘီယာအပါအဝင် စစ်ကောင်စီထုတ်ကုန်များ တင်သွင်းလာခြင်းအပေါ် ဖမ်းဆီးဖျက်ဆီးမှု များ လုပ်ဆောင်ခဲ့ဖူးသည်။

အာဏာသိမ်းစစ်ကောင်စီတပ်၏ ကျောထောက်နောက်ခံ အကျိုးတူလုပ်ငန်းများဖြစ်သော Myanmar Beer အပါအဝင် စစ်ကောင်စီနှင့်ပတ်သက်သည့် ထုတ်ကုန်ပစ္စည်းများ လာမည့် ဇန်နဝါရီ ၁၀ရက်မှစတင်၍ ရောင်းဝယ် ဖောက်ကား သယ်ယူပို့ဆောင်ခြင်းမပြုရန် ကချင်လွတ်လပ်ရေးအဖွဲ့(KIO)က အသိပေးချက် ထုတ်ပြန်သည်။

ယနေ့(ဇန်နဝါရီ ၄ရက်)ရက်စွဲဖြင့် ထုတ်ပြန်သည့် အသိပေးချက်တွင် စစ်ကောင်စီနှင့်ပတ်သက်သည့် ထုတ်ကုန်ပစ္စည်းများကို မြစ်ကြီးနားခရိုင်အတွင်း မြို့တွင်း မြို့ပြင်ကျေးလက် ဒေသများနှင့် မြစ်ကြီးနား ပူတာအိုလမ်း ၊ မြစ်ကြီးနား – တနိုင်းလမ်း တစ်လျှောက် သယ်ယူပို့ဆောင်ခြင်းမပြုရန် ဖော်ပြထားသည်။

ထို့ပြင် မြစ်ကြီးနားခရိုင်အတွင်း မြို့တွင်းနှင့် ကျေးလက်ဒေသ အသီးသီး၌ ရှိသော စားသောက်ဆိုင်၊ ကုန်စုံဆိုင်၊ KTV၊ BAR နှင့် အခြားဆိုင်မျိုးစုံ တို့တွင် Myanmar Beer အပါအဝင် စစ်ကောင်စီတပ်နှင့်ပတ်သက်သည့် ဘီယာများရောင်းချခြင်း မပြုလုပ်ရန်လည်း ပါရှိသည်။

သတ်မှတ်ထားသည့် ရက်စွဲနောက်ပိုင်း ရောင်းဝယ်ဖောက်ကားခြင်း ဆက်လက် ပြုလုပ်နေသည့် မည်သည့် ဆိုင်ကိုမဆို တွေ့ရှိပါက ဖမ်းဆီး အရေးယူသွားမည်ဟု သတိပေးထားသည်။ သယ်ယူပို့ဆောင်ခြင်း ပြုလုပ်သော ကား၊ ဆိုင်ကယ် ယဉ်မျိုးစုံတို့အား ထိရောက်စွာ အရေးယူ ပိတ်ပင်မှုများ ပြုလုပ်သွားမည်ဟုလည်း အသိပေးကြေညာခဲ့သည်။

Public Service Announcement

Public Service Announcement

KIO ဌာနချုပ် လိုင်ဇာတွင်လည်း မြန်မာဘီယာအပါအဝင် စစ်ကောင်စီထုတ်ကုန်များ တင်သွင်းလာခြင်းအပေါ် ဖမ်းဆီးဖျက်ဆီးမှု များ လုပ်ဆောင်ခဲ့ဖူးသည်။

အမျိုးသားညီညွတ်ရေးအစိုးရဝန်ကြီး ဒေါက်တာတူးခေါင်က မြစ်ကြီးနား ခရိုင်သာမဟုတ်ဘဲ တစ်နိုင်ငံလုံး သပိတ်မှောက်သင့်သည့် ထုတ်ကုန်ပစ္စည်းများ ဖြစ်ကြောင်း ပြောဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် မြစ်ဆုံကို ကာကွယ်ဖို့၊ ဧရာ၀တီမြစ်ထာ၀ရ လွတ်လပ်စွာ စီးဆင်းစေဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုကို ဒေသခံ လူငယ်တွေ ဦးဆောင်ပြုလုပ်ခဲ့တယ်လို့ မြစ်ကြီးနား ဒေသခံက ပြောပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မြစ်ဆုံဆည်စီမံကိန်းကို ပြန်လည်အသက်သွင်းခြင်းဟာ အချိန်အခါမဟုတ်ဘဲ၊ ပါဝင်ပတ်သက်သူများ ကြား ကွဲပြားမှုကို ပိုမိုဖြစ်စေပြီး လက်နက်ကိုင်ပဋိပက္ခကို ပိုမိုပြင်းထန်လာစေနိုင်ကြောင်း ကချင်အဖွဲ့တွေ အပါအဝင်အဖွဲ့အစည်း ၁၂၉ဖွဲ့ရဲ့ ကချင်ဒေသတကျော့ပြန်စစ်ပွဲ (၁၅) နှစ်ပြည့်အထိမ်းအမှတ် ပူးတွဲသဘောထားထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သတင်း

မြစ်ဆုံရေကာတာ စီမံကိန်းကို လုံး၀ဖျက်သိမ်းရေး ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ရဲ့ သဘောထားကို ထုတ်ပြန်ပေးဖို့ တင်ပြလိုကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW)ဒါရိုက်တာ မဆိုင်းမိုင်က ပြောကြားပါတယ်။