Connect with us

Hi, what are you looking for?

News

မန္တလေးမှ သပိတ်ခေါင်းဆောင်အမျိုးသမီးအ​ဆောင်ကို စစ်ကောင်စီက ဝင်ရောက်စီးနင်း

“ငြိမ်နေရင် ပင့်ကူအိမ်တောင် ငြိလိမ့်မယ်။ ရုန်းထွက်ရင် သံကြိုးတွေတောင် ပြတ်နိုင်တယ်။ အရေးတော်ပုံ မုချ အောင်ရမယ်ဟေ့ ” ဟု လူမှုကွန်ရက်၌ ရေးသားထား သည်။

ဓာတ်ပုံ - Simulation

▪️ဖမ်းဆီးမခံရသော်လည်း သိန်း ၂၀ကျော်နှင့် Laptop တစ်လုံး လုယူခံရ

မန္တလေးမြို့မှ သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ မအေးမြင့်အောင်အောင်နေထိုင်သည့် အဆောင်ကို အကြမ်းဖက်စစ်ကောင်စီက ယမန်နေ့ (ဇန်နဝါရီ ၄ရက်) ညပိုင်းတွင် ဝင်ရောက်စီးနင်းခဲ့ကြောင်း ၎င်းနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

ယမန်နေ့ည ၁၀ နာရီကျော်က မအေးမြင့်အောင်အောင် ၏ အဆောင်ကို စစ်ကောင်စီက အိမ်စီးကားသုံး စီး၊ အရပ်ဝတ် အင်အား ၂၀ ကျော်ဖြင့် ဝင်ရောက်ဖမ်းဆီးရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။

သို့သော် မအေးမြင့်အောင်အောင်သည် ကြိုတင်တိမ်းရှောင်နိုင်ခဲ့သဖြင့် လွတ်မြောက်ခဲ့သော်လည်း ၎င်း၏ ကျပ်သိန်း ၂၀ ကျော်၊ Laptop တစ်လုံး၊ စာအုပ်များနှင့် ဘွဲ့လက်မှတ်များကို စစ်ကောင်စီတပ်က မတရားလုယူသွားကြောင်း သူမက လူမှုကွန်ရက်တွင် ရေးသားထားသည်။

Public Service Announcement

Public Service Announcement

“အဆောင်ကိုဝင်လာကတည်းက မိုးမွှန်အောင် ဆဲဆိုပြီး ကျွန်တော့် အခန်းထဲကိုလည်း ရစရာမရှိအောင် မွှေသွားတယ်။ ပိုက်ဆံသိန်း ၂၀ ကျော်ရယ်၊ Laptop ၁လုံးရယ်၊ ပိုင်ဆိုင်သမျှ စာအုပ်တွေရယ်၊ ဘွဲ့လက်မှတ်တွေရယ် ပါသွားတာပေါ့ဗျာ။ “အဲစောက်ကောင်မကို ရှာနေတာကြာပြီ၊ ခုထိ မမိနိုင်သေးဘူး” လို့ ကျုံးဝါးကြတယ်ဆိုပဲ” ဟု ရေးသားထားသည်။

လက်ရှိတွင် အဝတ်တစ်ထည်၊ ကိုယ်တစ်ခုဖြင့် တိမ်းရှောင်နေရသော်လည်း တော်လှန်ရေး ဆက်လက်လုပ်သွားမည် ဖြစ်ကြောင်း ရေးသားထားသည်။

“ငြိမ်နေရင် ပင့်ကူအိမ်တောင် ငြိလိမ့်မယ်။ ရုန်းထွက်ရင် သံကြိုးတွေတောင် ပြတ်နိုင်တယ်။ အရေးတော်ပုံ မုချ အောင်ရမယ်ဟေ့ ” ဟု လူမှုကွန်ရက်၌ ရေးသားထား သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာအိမ်ထောင်စုတစ်စုကိုခွဲတမ်းအနေနဲ့တစ်လစားအုန်းဆီနှစ်ပိဿာခွဲရောင်းချပေးဖို့ဆီဝယ်ယူခွင့်စာအုပ်တွေကိုအာဏာသိမ်းစစ်တပ်ရဲ့ အောက်ခြေအုပ်ချုပ်ရေးပိုင်းကရပ်ကွက်အလိုက်လုပ်ပေးနေတယ်လို့ မြိုခံတွေဆီက သိရပါတယ်။

သတင်း

မန္တလေး‌‌မြို့ ၊ဈေးချိုတော်က ငလျင်ကြောင့်ပျက်စီးသွားတဲ့ တိုက်တန်းဖြိုချနေတုန်းမှာ ပြိုကျသွားပြီး လူနဲ့ ကျန်အဆောက်အဦးတွေထိခိုက်မှုမရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။