Connect with us

Hi, what are you looking for?

LuduNwayOo

News

၉လအရွယ်မြေးဖြစ်သူရဲ့ နှလုံးရောဂါ ကုသဖို့ အိန္ဒိယက အထူးကုဆရာဝန် ၂ ဦးကို စစ်ကောင်စီခေါင်းဆောင် ရန်ကုန်ခေါ်ယူ

ခွဲစိတ်ကုသမှုပေးခဲ့တဲ့ ဆရာဝန်ကြီး ၂ ဦးဟာ အိန္ဒိယနိုင်ငံ Rainbow Children’s Heart Institut ရဲ့အကြီးတန်းနှလုံးအထူးကုဆရာဝန်တွေဖြစ်တယ်လို့သိရပါတယ်။

စစ်ကောင်စီခေါင်းဆောင်ဟာ သူရဲ့အသက် ၉ လအရွယ်မြေးဖြစ်သူရဲ့ မွေးရာပါ နှလုံးရောဂါကို ခွဲစိတ်ကုသဖို့အတွက် အိန္ဒိယက နှလုံးအထူးကုဆရာဝန်ကြီး ၂ ဦးကို ခေါ်ယူကာ ရန်ကုန်မှာ ခွဲစိတ်ကုသခဲ့တယ်လို့သီရပါတယ်။

ခွဲစိတ်ကုသမှုကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက ပြုလုပ်ခဲ့တာဖြစ်ပြီး ဇန်နဝါရီလ ၇ ရက်မှာမှ အိန္ဒိယ မီဒီယာတွေကဖော်ပြလာတာပါ။

ခွဲစိတ်ကုသမှုပေးခဲ့တဲ့ ဆရာဝန်ကြီး ၂ ဦးဟာ အိန္ဒိယနိုင်ငံ Rainbow Children’s Heart Institut ရဲ့အကြီးတန်းနှလုံးအထူးကုဆရာဝန်တွေဖြစ်တယ်လို့သိရပါတယ်။

အသက် ၉ လအရွယ် ကလေးငယ်ဟာ မွေးရာပါ နှလုံးရောဂါကိုခံစားနေရတာဖြစ်ပြီး ခွဲစိတ်ကုသမှု လုပ်ဆောင်ပြီးနာက်နေ့မှာပဲ ဆေးရုံကဆင်းနိုင်ခဲ့တဲ့အပြင် နေထိုင်ကောင်းလာတယ်လို့ ခွဲစိတ်ကုသမှုနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ချက်မှာပါရှိတာကို အိန္ဒိယမီဒီယာတွေက ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

အိန္ဒိယ ဆရာဝန်ကြီး ၂ ဦးရဲ့ ခရီးစဉ်အတွင်းမှာပဲ မွေးရာပါ နှလုံးရောဂါခံစားနေရတဲ့ ကလေး ၁၅ ဦး ကျော်ကို ခွဲစိတ်ကုသပေးခဲ့ရတယ်လို့သိရပါတယ်။

အိန္ဒိယ သမ္မတဟောင်း အေပီဂျေ အဗ္ဗဒူကလမ် ဟာ Care Foundation ရဲ့အကူအညီနဲ့ ကလေးနှလုံံးရောဂါ ခွဲစိတ်ကုသမှုဆိုင်ရာသင်တန်းတွေကို အိန္ဒိယနဲ့ မြန်မာနိုင်ငံကြား ပူးပေါင်း ဖွင့်လှစ်ပေးခဲ့ပါတယ်။

အဲဒီသင်တန်းအစီအစဉ်နဲ့ မြန်မာနိုင်ငံက ကလေးနှလုံးရောဂါ ဆိုင်ရာဆရာဝန်နဲ့ နှလုံးခွဲစိတ်ဆရာဝန် ၁၀ ဦးကျော်ကို လေ့ကျင့်သင်ကြားပေးခဲ့တယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။