Connect with us

Hi, what are you looking for?

News

၉လအရွယ်မြေးဖြစ်သူရဲ့ နှလုံးရောဂါ ကုသဖို့ အိန္ဒိယက အထူးကုဆရာဝန် ၂ ဦးကို စစ်ကောင်စီခေါင်းဆောင် ရန်ကုန်ခေါ်ယူ

ခွဲစိတ်ကုသမှုပေးခဲ့တဲ့ ဆရာဝန်ကြီး ၂ ဦးဟာ အိန္ဒိယနိုင်ငံ Rainbow Children’s Heart Institut ရဲ့အကြီးတန်းနှလုံးအထူးကုဆရာဝန်တွေဖြစ်တယ်လို့သိရပါတယ်။

စစ်ကောင်စီခေါင်းဆောင်ဟာ သူရဲ့အသက် ၉ လအရွယ်မြေးဖြစ်သူရဲ့ မွေးရာပါ နှလုံးရောဂါကို ခွဲစိတ်ကုသဖို့အတွက် အိန္ဒိယက နှလုံးအထူးကုဆရာဝန်ကြီး ၂ ဦးကို ခေါ်ယူကာ ရန်ကုန်မှာ ခွဲစိတ်ကုသခဲ့တယ်လို့သီရပါတယ်။

ခွဲစိတ်ကုသမှုကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက ပြုလုပ်ခဲ့တာဖြစ်ပြီး ဇန်နဝါရီလ ၇ ရက်မှာမှ အိန္ဒိယ မီဒီယာတွေကဖော်ပြလာတာပါ။

ခွဲစိတ်ကုသမှုပေးခဲ့တဲ့ ဆရာဝန်ကြီး ၂ ဦးဟာ အိန္ဒိယနိုင်ငံ Rainbow Children’s Heart Institut ရဲ့အကြီးတန်းနှလုံးအထူးကုဆရာဝန်တွေဖြစ်တယ်လို့သိရပါတယ်။

အသက် ၉ လအရွယ် ကလေးငယ်ဟာ မွေးရာပါ နှလုံးရောဂါကိုခံစားနေရတာဖြစ်ပြီး ခွဲစိတ်ကုသမှု လုပ်ဆောင်ပြီးနာက်နေ့မှာပဲ ဆေးရုံကဆင်းနိုင်ခဲ့တဲ့အပြင် နေထိုင်ကောင်းလာတယ်လို့ ခွဲစိတ်ကုသမှုနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ချက်မှာပါရှိတာကို အိန္ဒိယမီဒီယာတွေက ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

အိန္ဒိယ ဆရာဝန်ကြီး ၂ ဦးရဲ့ ခရီးစဉ်အတွင်းမှာပဲ မွေးရာပါ နှလုံးရောဂါခံစားနေရတဲ့ ကလေး ၁၅ ဦး ကျော်ကို ခွဲစိတ်ကုသပေးခဲ့ရတယ်လို့သိရပါတယ်။

အိန္ဒိယ သမ္မတဟောင်း အေပီဂျေ အဗ္ဗဒူကလမ် ဟာ Care Foundation ရဲ့အကူအညီနဲ့ ကလေးနှလုံံးရောဂါ ခွဲစိတ်ကုသမှုဆိုင်ရာသင်တန်းတွေကို အိန္ဒိယနဲ့ မြန်မာနိုင်ငံကြား ပူးပေါင်း ဖွင့်လှစ်ပေးခဲ့ပါတယ်။

အဲဒီသင်တန်းအစီအစဉ်နဲ့ မြန်မာနိုင်ငံက ကလေးနှလုံးရောဂါ ဆိုင်ရာဆရာဝန်နဲ့ နှလုံးခွဲစိတ်ဆရာဝန် ၁၀ ဦးကျော်ကို လေ့ကျင့်သင်ကြားပေးခဲ့တယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို လေ့ကျင့်ပေးတဲ့ အလုပ်က ပိုမိုကျယ်ပြန့်လာနေပါတယ်။ နောင်တစ်ချိန်မှာ AIဟာ သူတို့ရဲ့ အလုပ်နေရာတွေကို အစားထိုး ယူသွားမလား ဆိုတာကို စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း AI လေ့ကျင့်ရေး ဝန်ထမ်းတွေကတော့ အဲဒီ နည်းပညာသစ်ကို နည်းလမ်းမျိုးစုံနဲ့ လေ့ကျင့်...

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံသားတွေပါတဲ့ ရေနံတင် သင်္ဘောကို အမေရိကန်က တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ အမေရိကန် သံအရာရှိကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

မြန်မာ့အိမ်နီးချင်း ဒီမိုကရေစီနိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယဟာ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို တရားဝင်ခရီးစဥ်ဖိတ်ကြားပြီး အစိုးရ အဖွဲ့ခေါင်းဆောင် ဝန်ကြီးချုပ်နာရန်ဒရာမိုဒီကရော၊ သမ္မတ ဒရုပဒီမုရ်မုတို့ကလည်း သီးခြားစီလက်ခံတွေ့ဆုံခဲ့ပါတယ်။