Connect with us

Hi, what are you looking for?

News

မြိုင်-မန္တလေးလမ်းတွင် စစ်ကောင်စီတပ်ယာဥ် နှစ်ကြိမ်မ်ိုင်းခွဲ တိုက်ခိုက်ခံရ

မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ယာဥ်မှာ ပျက်စီးသွားပြီး ကားပေါ်ပါရှိသည့် စစ်ကောင်စီတပ်သားများက ရမ်းသမ်းပစ်ခတ်မှုအချို့လည်း ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

People's Spring
People's Spring

မြိုင်-မန္တလေးလမ်းတွင် စစ်ကောင်စီတပ်မှယာဥ်တစ်စီးကို နှစ်ကြိမ်ဆက် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း မြိုင် PDF က ယနေ့(ဇန်နဝါရီ ၇) ထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုကို ယနေ့နံနက် ၁၁ နာရီခန့် မြိုင်-မန္တလေးလမ်း တောရွာအနီးတွင် စစ်ကောင်စီတပ်ယာဥ်အား ပထမအကြိမ်မိုင်းခွဲ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

ထို့နောက် အဆိုပါစစ်ကားမှာ ဆက်လက်ထွက်ခွာရာ လင်းကတောရွာအရှေ့ဘက်အရောက်တွင် ဒုတိယအကြိမ် ထပ်မံ၍ မိုင်းခိုင်းတိုက်ခိုက်ခဲ့သည်ဟု မြိုင် PDF က ဆိုသည်။

မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ယာဥ်မှာ ပျက်စီးသွားပြီး ကားပေါ်ပါရှိသည့် စစ်ကောင်စီတပ်သားများက ရမ်းသမ်းပစ်ခတ်မှုအချို့လည်း ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်ခံရမှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရမှုများရှိသော်လည်း အတိအကျ မသိရသေးဟု မြိုင် PDF က ပြောသည်။

ထို့အပြင် မြိုင် PDF အနေဖြင့် ယနေ့တိုက်ခိုက်မှုအပါအဝင် ‘လင်းယုန်’စစ်ဆင်ရေးစတင်ပြီ ဖြစ်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့အနီးကို ဗဟိုပြုပြီး အင်အားအတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်သွားပြီး ရှေးဟောင်းမြို့တော် ပုဂံဒေသအထိ သိသိသာသာ လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။