Connect with us

Hi, what are you looking for?

News

စစ်ကောင်စီဒုဗိုလ်မှူးကြီးသေဆုံးခဲ့သည့် မန္တလေးမြို့တိုက်ပွဲဖြစ်စဥ် MDY-PDF ရှင်းလင်းထုတ်ပြန်

ဇွန်လ ၂၂ရက်က မန္တလေးမြို့၌ ဖြစ်ခဲ့သည့် ထိတွေ့တိုက်ခိုက်မှုတွင် မဟာမိတ်အဖွဲ့မှ ရဲဘော် ၂ဦး၊ MDY-PDFမှ ၂ဦး ကျဆုံးခဲ့ပြီး ၆ဦး ဖမ်းဆီးခံခဲ့ရကြောင်း၊ အကြမ်းဖက်စစ်အုပ်စုဘက်မှလည်း ဒုဗိုလ်မှူးကြီးအဆင့်အပါဝင် (၉)ဦးခန့်သေဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။

ဒုဗိုလ်မှူးကြီး တစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ဦးခန့် သေဆုံးခဲ့သည့် မန္တလေးမြို့ တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MDY-PDF)က ယနေ့ ရှင်းလင်းချက်ထုတ်ပြန် သည်။

တိုက်ပွဲဖြစ်စဉ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် အတွင်းအပြင် ပြန်ညှပ် တိုက်ခိုက်ခဲ့သော်လည်း လက်နက်အင်အားမမျှခြင်း၊ အကြမ်းဖက်စစ်အုပ်စုမှလက်နက်ကြီးများသုံး၍ ပစ်ခတ်ခြင်း၊ ပြည်သူအများထိခိုက်နိုင်ခြင်း စသည်တို့ကြောင့် ပစ်ခတ်မှုဖြစ်ပွားရာ Apex ဘော်ဒါအတွင်းရှိ MPDF ရဲဘော်များမှလက်နက်ချ အညံ့ခံခဲ့ကြောင်း MDY-PDFက ဆိုသည်။

ကျဆုံးခဲ့သူများအနက် ရဲဘော်အချို့မှာ လက်နက်ချပြီးနောက်ပိုင်းတွင်း ဦးခေါင်းသို့ အနီးကပ် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်အုပ်စုမှ ဖမ်းဆီးထားသူများနှင့်ပတ်သက်၍ တိကျသည့် သတင်း ဆက်မထုတ်ပြန်ခြင်းကြောင့် ရဲဘော်များအားလုံး သူရဲကောင်းအာဇာနည်အဖြစ် ကျဆုံးသွားပြီဟု မှတ်ယူထားကြောင်း ထုတ်ပြန်ခဲ့သည်။

တိုက်ပွဲဖြစ်ပွားချိန်တွင် ပါကျဲဒိုးကားပေါ်၌ ကျဆုံးခဲ့သော ပြည်သူများမှာ အဖွဲ့နှင့် လုံးဝ ပတ်သတ်မှုမရှိကြောင်း၊ စစ်အုပ်စုမှ လမ်းသွားလမ်းလာ ပြည်သူများအား အကြမ်းဖက်ဖမ်းဆီး သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း MDY-PDFက ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ပါကျဲဒိုးယာဉ်ပေါ်တွင် လိုက်ပါလာသူများမှာ တအာင်းလူမျိုး ၃ဦး၊ တရုတ်လူမျိုးတစ်ဦးဖြစ်ပြီး PDFများမဟုတ်ကြောင်း သေဆုံးသူများ၏ မိသားစုနှင့်နီးစပ်သူ တစ်ဦးက ပြောသည်။

စစ်ကောင်စီကမူ အဆိုပါ မော်တော်ကားပေါ်မှ ၄ဦးသည် လက်နက်ကိုင်များဖြစ်ကြောင်း လိမ်လည်ထုတ်ပြန်ထားသည်။

မန္တလေးမြို့ တိုက်ပွဲ နောက်ပိုင်းတွင် MDY-PDF အဖွဲ့မှ အခြားစခန်းခွဲများအား စွန့်လွှတ်လိုက်ရသည်များ ရှိသကဲ့သို့ မဟာမိတ်အဖွဲ့မှ ရဲဘော်တချို့လည်း ဖမ်းဆီးအရေးယူခံရကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။