Connect with us

Hi, what are you looking for?

News

စစ်ကောင်စီဒုဗိုလ်မှူးကြီးသေဆုံးခဲ့သည့် မန္တလေးမြို့တိုက်ပွဲဖြစ်စဥ် MDY-PDF ရှင်းလင်းထုတ်ပြန်

ဇွန်လ ၂၂ရက်က မန္တလေးမြို့၌ ဖြစ်ခဲ့သည့် ထိတွေ့တိုက်ခိုက်မှုတွင် မဟာမိတ်အဖွဲ့မှ ရဲဘော် ၂ဦး၊ MDY-PDFမှ ၂ဦး ကျဆုံးခဲ့ပြီး ၆ဦး ဖမ်းဆီးခံခဲ့ရကြောင်း၊ အကြမ်းဖက်စစ်အုပ်စုဘက်မှလည်း ဒုဗိုလ်မှူးကြီးအဆင့်အပါဝင် (၉)ဦးခန့်သေဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။

ဒုဗိုလ်မှူးကြီး တစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ဦးခန့် သေဆုံးခဲ့သည့် မန္တလေးမြို့ တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MDY-PDF)က ယနေ့ ရှင်းလင်းချက်ထုတ်ပြန် သည်။

တိုက်ပွဲဖြစ်စဉ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် အတွင်းအပြင် ပြန်ညှပ် တိုက်ခိုက်ခဲ့သော်လည်း လက်နက်အင်အားမမျှခြင်း၊ အကြမ်းဖက်စစ်အုပ်စုမှလက်နက်ကြီးများသုံး၍ ပစ်ခတ်ခြင်း၊ ပြည်သူအများထိခိုက်နိုင်ခြင်း စသည်တို့ကြောင့် ပစ်ခတ်မှုဖြစ်ပွားရာ Apex ဘော်ဒါအတွင်းရှိ MPDF ရဲဘော်များမှလက်နက်ချ အညံ့ခံခဲ့ကြောင်း MDY-PDFက ဆိုသည်။

ကျဆုံးခဲ့သူများအနက် ရဲဘော်အချို့မှာ လက်နက်ချပြီးနောက်ပိုင်းတွင်း ဦးခေါင်းသို့ အနီးကပ် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်အုပ်စုမှ ဖမ်းဆီးထားသူများနှင့်ပတ်သက်၍ တိကျသည့် သတင်း ဆက်မထုတ်ပြန်ခြင်းကြောင့် ရဲဘော်များအားလုံး သူရဲကောင်းအာဇာနည်အဖြစ် ကျဆုံးသွားပြီဟု မှတ်ယူထားကြောင်း ထုတ်ပြန်ခဲ့သည်။

တိုက်ပွဲဖြစ်ပွားချိန်တွင် ပါကျဲဒိုးကားပေါ်၌ ကျဆုံးခဲ့သော ပြည်သူများမှာ အဖွဲ့နှင့် လုံးဝ ပတ်သတ်မှုမရှိကြောင်း၊ စစ်အုပ်စုမှ လမ်းသွားလမ်းလာ ပြည်သူများအား အကြမ်းဖက်ဖမ်းဆီး သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း MDY-PDFက ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ပါကျဲဒိုးယာဉ်ပေါ်တွင် လိုက်ပါလာသူများမှာ တအာင်းလူမျိုး ၃ဦး၊ တရုတ်လူမျိုးတစ်ဦးဖြစ်ပြီး PDFများမဟုတ်ကြောင်း သေဆုံးသူများ၏ မိသားစုနှင့်နီးစပ်သူ တစ်ဦးက ပြောသည်။

စစ်ကောင်စီကမူ အဆိုပါ မော်တော်ကားပေါ်မှ ၄ဦးသည် လက်နက်ကိုင်များဖြစ်ကြောင်း လိမ်လည်ထုတ်ပြန်ထားသည်။

မန္တလေးမြို့ တိုက်ပွဲ နောက်ပိုင်းတွင် MDY-PDF အဖွဲ့မှ အခြားစခန်းခွဲများအား စွန့်လွှတ်လိုက်ရသည်များ ရှိသကဲ့သို့ မဟာမိတ်အဖွဲ့မှ ရဲဘော်တချို့လည်း ဖမ်းဆီးအရေးယူခံရကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်ကောင်စီစခန်းတစ်ခုမှာ ဖမ်းဆီးခံထားရတာလည်း အချိန်တခုကြာခဲ့ပြီ။ သူက PDFလည်းမဟုတ်ဘဲ သာမန်ပြည်သူတစ်ဦးပါ။

သတင်း

မန္တလေးကစစ်မှုထမ်းသင်တန်းဆင်းတွေ ရာဂဏန်းလောက်ကို မတ္တရာမြို့နယ်၊ထီးတော်မိုးတပ်သားစုဆောင်းရေးထဲကိုပို့ဆောင်ထားပြီး စစ်တပ်က မတ္တရာမြို့နယ်အရှေ့ခြမ်းကိုစစ်ကြောင်းတွေထိုးလာနိုင်တယ်လို့ မတ္တရာမြို့နယ်က ​တော်လှန်ရေးတပ်တွေနဲ့ ​ဒေသခံတချို့က​ပြောပါတယ်။

News Story

ချောင်းဦးမြို့ဟာ စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပေါ်က အညာမြို့ငယ်လေးတမြို့ပါ။ သို့ပေသိ နွေဦးတော်လှန်ရေးမှာ ချောင်းဦးမြို့ရဲ့ တော်လှန်ရေးအပေါ်ခံယူချက်၊ ပေးဆပ်ရမှုတွေက မနည်းခဲ့ဘူး။ တော်လှန်ရေးခရီးအစ ၂၀၂၁ ခုနှစ် နိုဝင်ဘာလထဲမှာ စစ်ကောင်စီရဲ့ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတဲ့ ချောင်းဦး PDF လေး နှစ်ဦးရဲ့ "ချောင်းဦး PDF ပါခင်ဗျ။ ချောင်းဦး PDF...

သတင်း

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ထဲက မဲပလီစစ်ကောင်စီဗျူဟာစခန်းကို​တော်လှန်​ရေးတပ်​တွေက သိမ်းပိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂၇)စစ်ဗျူဟာက ထုတ်ပြန်ပါတယ်။