Connect with us

Hi, what are you looking for?

News

အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ထပ်မံချမှတ်ခြင်းအပေါ် ပြင်သစ်ရှုတ်ချ

အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးမှု အကောင်အထည်ဖော်ရေး အပါအဝင် အာဆီယံသဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်ရန် ပြင်သစ်နိုင်ငံသည် အာဆီယံကို အပြည့်အဝ ထောက်ခံအားပေးနေကြောင်း ဆက်လက်ဖော်ပြသည်။

အတုအယောင်တရားစီရင်မှုက နိုင်ငံခြားရေးအခြေအနေကို ပိုမိုဆိုးရွားစေဟုဆို

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တရားမဝင်အာဏာသိမ်းစစ်ကောင်စီက ပြစ်ဒဏ် ထပ်မံချမှတ်လိုက်ခြင်းကို ပြင်သစ်နိုင်ငံက ရှုတ်ချကြောင်း ယနေ့(ဇန်နဝါရီ ၁၁ရက်) သတင်းထုတ်ပြန်သည်။

အတုအယောင်တရားစီရင်မှုသည် အလွန်စိုးရိမ်ဖွယ်ကောင်းနေပြီဖြစ်သော နိုင်ငံရေးအခြေအနေကို ပိုမိုဆိုးရွား စေကြောင်း ပြင်သစ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်သည်။

ဥပဒေမဲ့အာဏာသိမ်းထားသည့် စစ်ကောင်စီက ဇန်နဝါရီ ၁၀ရက်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သွင်းကုန်၊ ပို့ကုန်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေနှင့် သဘာ၀ဘေးစီမံဥပဒေ ပုဒ်မများကို ဖောက်ဖျက်ကျူးလွန်သည်ဆိုကာ စုစုပေါင်း ၄ နှစ် ထပ်မံချမှတ်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဥရောပသမဂ္ဂနှင့် ၎င်း၏အဖွဲ့ဝင်နိုင်ငံများက ဒီဇင်ဘာ ၆ ရက်တွင် သတိပေးထားပြီးဖြစ်သည့်အတိုင်း မြန်မာနိုင်ငံ၏အကျပ်အတည်းမှ လွတ်မြောက်ရေးလမ်းစသည် ပဋိပက္ခတွင်ပါဝင်သူအားလုံးပါဝင်သည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုစတင်ရန်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ထို့အပြင် ကယား၊ ကရင်နှင့် ချင်းပြည်နယ်များတွင် စစ်တပ်က အရပ်သားများအပေါ် ကျူးလွန်သော တိုက်ခိုက်မှု များကို ချက်ချင်းရပ်ဆိုင်းခြင်းနှင့် အာဏာသိမ်းချိန်ကစ၍ ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသားအားလုံးကို ချွင်းချက်မရှိ လွှတ်ပေးခြင်းတို့လုပ်ဆောင်ရန် ပြင်သစ်က တောင်းဆိုသည်။

အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးမှု အကောင်အထည်ဖော်ရေး အပါအဝင် အာဆီယံသဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်ရန် ပြင်သစ်နိုင်ငံသည် အာဆီယံကို အပြည့်အဝ ထောက်ခံအားပေးနေကြောင်း ဆက်လက်ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းအတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး Free Her ကမ်ပိန်းနဲ့ တော်လှန်သီတင်းကျွတ် ဆီမီးသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၂၆) ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဥရောပကို နျူကလီးယား လက်နက်တွေနဲ့ လွှမ်းခြုံ အကာအကွယ် ပေးနိုင်ဖို့အတွက် ပြင်သစ်ဟာ ဥရောပ ၁၀ နိုင်ငံနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။

သတင်း

မိခင်ဖြစ်သူရဲ့ ကျန်းမာရေး အခြေအနေ ကောင်းမွန်နေပုံ ရပေမယ့် တစ်ဦးတည်း သီးသန့်ခွဲပြီး နေထိုင်နေရပုံ ပေါ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားက ဗြိတိန်အ​ခြေစိုက် The Guardian သတင်းဌာနကို ပြောကြားပါတယ်။

သတင်း

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကိုထိန်လင်းတို့ ဖုန်းနဲ့ဆက်သွယ်ပြောဆိုခွင့်ရရှိခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သဘောထား ထုတ်ပြန်ခဲ့ရာ မိသားစုဝင်တွေ၊ မြန်မာပြည်သူတွေနဲ့ထပ်တူ ဝမ်းမြောက်ကြောင်း ဖော်ပြပြီး ဖြစ်စဉ်တခုလုံးကို အလေးအနက်ထား စောင့် ကြည့်လျက်ရှိဟု ထုတ်ပြန်ပါတယ်။