Connect with us

Hi, what are you looking for?

News

အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ထပ်မံချမှတ်ခြင်းအပေါ် ပြင်သစ်ရှုတ်ချ

အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးမှု အကောင်အထည်ဖော်ရေး အပါအဝင် အာဆီယံသဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်ရန် ပြင်သစ်နိုင်ငံသည် အာဆီယံကို အပြည့်အဝ ထောက်ခံအားပေးနေကြောင်း ဆက်လက်ဖော်ပြသည်။

အတုအယောင်တရားစီရင်မှုက နိုင်ငံခြားရေးအခြေအနေကို ပိုမိုဆိုးရွားစေဟုဆို

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တရားမဝင်အာဏာသိမ်းစစ်ကောင်စီက ပြစ်ဒဏ် ထပ်မံချမှတ်လိုက်ခြင်းကို ပြင်သစ်နိုင်ငံက ရှုတ်ချကြောင်း ယနေ့(ဇန်နဝါရီ ၁၁ရက်) သတင်းထုတ်ပြန်သည်။

အတုအယောင်တရားစီရင်မှုသည် အလွန်စိုးရိမ်ဖွယ်ကောင်းနေပြီဖြစ်သော နိုင်ငံရေးအခြေအနေကို ပိုမိုဆိုးရွား စေကြောင်း ပြင်သစ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်သည်။

ဥပဒေမဲ့အာဏာသိမ်းထားသည့် စစ်ကောင်စီက ဇန်နဝါရီ ၁၀ရက်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သွင်းကုန်၊ ပို့ကုန်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေနှင့် သဘာ၀ဘေးစီမံဥပဒေ ပုဒ်မများကို ဖောက်ဖျက်ကျူးလွန်သည်ဆိုကာ စုစုပေါင်း ၄ နှစ် ထပ်မံချမှတ်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဥရောပသမဂ္ဂနှင့် ၎င်း၏အဖွဲ့ဝင်နိုင်ငံများက ဒီဇင်ဘာ ၆ ရက်တွင် သတိပေးထားပြီးဖြစ်သည့်အတိုင်း မြန်မာနိုင်ငံ၏အကျပ်အတည်းမှ လွတ်မြောက်ရေးလမ်းစသည် ပဋိပက္ခတွင်ပါဝင်သူအားလုံးပါဝင်သည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုစတင်ရန်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ထို့အပြင် ကယား၊ ကရင်နှင့် ချင်းပြည်နယ်များတွင် စစ်တပ်က အရပ်သားများအပေါ် ကျူးလွန်သော တိုက်ခိုက်မှု များကို ချက်ချင်းရပ်ဆိုင်းခြင်းနှင့် အာဏာသိမ်းချိန်ကစ၍ ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသားအားလုံးကို ချွင်းချက်မရှိ လွှတ်ပေးခြင်းတို့လုပ်ဆောင်ရန် ပြင်သစ်က တောင်းဆိုသည်။

အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးမှု အကောင်အထည်ဖော်ရေး အပါအဝင် အာဆီယံသဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်ရန် ပြင်သစ်နိုင်ငံသည် အာဆီယံကို အပြည့်အဝ ထောက်ခံအားပေးနေကြောင်း ဆက်လက်ဖော်ပြသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြင်သစ်နိုင်ငံမှာ ရထားတစ်စီး သံလမ်းချော်မှု ဖြစ်ပွားပြီး လူ ၄၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ဆွီဒင်နဲ့ ပြင်သစ်တို့ဟာ စစ်သင်္ဘော ဝယ်ယူရေး စာချုပ်တစ်ခုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။