Connect with us

Hi, what are you looking for?

LuduNwayOo

News

တမူးရှိရဲဘက်စခန်းကို ဝင်​ရောက်တိုက်ခိုက် ​ထောင်မှူးအပါအဝင် လေးဦး​သေ၊ တမူးPDFမှ နှစ်ဦးကျဆုံးပြီး ​လေးဦးဒဏ်ရာရ

ထောင်မှူးအိမ်ကို ဝင်ရောက်စီးနင်းပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများကို လက်နက်ချရန် ပြောဆိုခဲ့သော်လည်း ထောင်မှူးဇနီးနှင့် အကြမ်းဖက်စစ်ကောင်စီတပ်များက ပြန်လည်ပစ်ခတ်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

တမူးမြို့နယ်ရှိ အုတ်ဖိုကန်ဘောင် အကျဉ်းရဲဘက်စခန်းကို ယမန်နေ့( ဇန်နဝါရီ ၁၀)မနက်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ထောင်မှူးအပါအဝင် လေးယောက်သေဆုံးပြီး PDFနှစ်ဦး ကျဆုံးခဲ့သည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည် PDF (တမူး) တပ်ရင်း -၁ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထောင်မှူးအိမ်ကို ဝင်ရောက်စီးနင်းပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများကို လက်နက်ချရန် ပြောဆိုခဲ့သော်လည်း ထောင်မှူးဇနီးနှင့် အကြမ်းဖက်စစ်ကောင်စီတပ်များက ပြန်လည်ပစ်ခတ်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“ကျနော်တို့ မနေ့က ကိစ္စနဲ့ပါတ်သက်ပြီး အလုပ်လေးရှိနေသေးလို့ပါ။ ပြီးရင် ကျနော် သတင်းအပြည့်စုံ ထုတ်ပြန်ပေးပါ့မယ်” ဟု PDF(တမူး) တပ်ရင်း-၁ မှ တာဝန်ရှိသူတစ်ဦးက People’s Spring ပြောသည်။

ထိုဖြစ်စဉ်တွင် ထောင်မှူး ဦးအောင်ကျော်ဆန်းနှင့် ၎င်းဇနီးအပါအဝင် လေးဦးသေဆုံးခဲ့ပြီး PDFဘက်မှာ ရဲဘော် ၂ဦးကျဆုံးပြီး ၄ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသတွင်း မီဒီယာဖြစ်​သော Zalen သတင်းဌာနတွင်ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

“ထောင်ပိုင် မိသားစုက ပြန်လည်ခုခံလို့ ပစ်ခတ်မူဖြစ်တာလို့ကြားတယ်။ မိသားစုလိုက်သေဆုံးသွားတယ်လို့လဲ ကြားတယ်၊ လူနာတင်ယာဉ် သုံးလေးစီးလောက်လာသယ်တာတော့ တွေ့တယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

ပစ်ခတ်မူဖြစ်ပွားသည့် အကျဉ်းရဲဘက်စခန်းသည် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ အုတ်ဖိုကန်ဘောင် စိုက်ပျိုးမွေးမြူရေးနှင့်အသက်မွေးမှုအတက်သင်စခန်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။