Connect with us

Hi, what are you looking for?

News

တမူးရှိရဲဘက်စခန်းကို ဝင်​ရောက်တိုက်ခိုက် ​ထောင်မှူးအပါအဝင် လေးဦး​သေ၊ တမူးPDFမှ နှစ်ဦးကျဆုံးပြီး ​လေးဦးဒဏ်ရာရ

ထောင်မှူးအိမ်ကို ဝင်ရောက်စီးနင်းပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများကို လက်နက်ချရန် ပြောဆိုခဲ့သော်လည်း ထောင်မှူးဇနီးနှင့် အကြမ်းဖက်စစ်ကောင်စီတပ်များက ပြန်လည်ပစ်ခတ်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

တမူးမြို့နယ်ရှိ အုတ်ဖိုကန်ဘောင် အကျဉ်းရဲဘက်စခန်းကို ယမန်နေ့( ဇန်နဝါရီ ၁၀)မနက်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ထောင်မှူးအပါအဝင် လေးယောက်သေဆုံးပြီး PDFနှစ်ဦး ကျဆုံးခဲ့သည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည် PDF (တမူး) တပ်ရင်း -၁ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထောင်မှူးအိမ်ကို ဝင်ရောက်စီးနင်းပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများကို လက်နက်ချရန် ပြောဆိုခဲ့သော်လည်း ထောင်မှူးဇနီးနှင့် အကြမ်းဖက်စစ်ကောင်စီတပ်များက ပြန်လည်ပစ်ခတ်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“ကျနော်တို့ မနေ့က ကိစ္စနဲ့ပါတ်သက်ပြီး အလုပ်လေးရှိနေသေးလို့ပါ။ ပြီးရင် ကျနော် သတင်းအပြည့်စုံ ထုတ်ပြန်ပေးပါ့မယ်” ဟု PDF(တမူး) တပ်ရင်း-၁ မှ တာဝန်ရှိသူတစ်ဦးက People’s Spring ပြောသည်။

ထိုဖြစ်စဉ်တွင် ထောင်မှူး ဦးအောင်ကျော်ဆန်းနှင့် ၎င်းဇနီးအပါအဝင် လေးဦးသေဆုံးခဲ့ပြီး PDFဘက်မှာ ရဲဘော် ၂ဦးကျဆုံးပြီး ၄ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသတွင်း မီဒီယာဖြစ်​သော Zalen သတင်းဌာနတွင်ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

“ထောင်ပိုင် မိသားစုက ပြန်လည်ခုခံလို့ ပစ်ခတ်မူဖြစ်တာလို့ကြားတယ်။ မိသားစုလိုက်သေဆုံးသွားတယ်လို့လဲ ကြားတယ်၊ လူနာတင်ယာဉ် သုံးလေးစီးလောက်လာသယ်တာတော့ တွေ့တယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

ပစ်ခတ်မူဖြစ်ပွားသည့် အကျဉ်းရဲဘက်စခန်းသည် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ အုတ်ဖိုကန်ဘောင် စိုက်ပျိုးမွေးမြူရေးနှင့်အသက်မွေးမှုအတက်သင်စခန်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။