Connect with us

Hi, what are you looking for?

News

ချင်းပြည်နယ်တိုက်ပွဲများတွင် တစ်ရက်တည်းစစ်​ကောင်စီတပ် အနည်းဆုံး ၂၂ ဦး​သေ

တိုက်ပွဲများသည် မင်းတပ်-မတူပီမြို့ကြားနှင့် ဖလမ်းမြို့နယ်၊ ဝေဘူလမြို့အနီးတို့တွင် ဖြစ်ပွားခြင်းဖြစ်သည်ဟု ဒေသခံကာကွယ်ရေးတပ်များက သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

(မင်းတပ်နှင်မတူပီကြားစစ်​ကောင်စီးယာဥ်တန်း။ ဓါတ်ပုံ-CDFမင်းတပ်)

-မင်းတပ်နှင့်မတူပီကြား၇ ဦး​၊ ဝေဘူလအနီး ၁၅ဦး​ကျော်​သေ

မင်းတပ်နှင့် ဖလမ်းတွင် အကြမ်းဖက်စစ်ကောင်စီနှင့် ယနေ့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား အနည်းဆုံး ၂၂ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ များက ယနေ့ညတွင် သတင်းထုတ်ပြန်သည်။

တိုက်ပွဲများသည် မင်းတပ်-မတူပီမြို့ကြားနှင့် ဖလမ်းမြို့နယ်၊ ဝေဘူလမြို့အနီးတို့တွင် ဖြစ်ပွားခြင်းဖြစ်သည်ဟု ဒေသခံကာကွယ်ရေးတပ်များက သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

မင်းတပ်-မတူပီမြို့ကြား ၃၉မိုင်တွင် ယနေ့ နေ့လယ် ၁၂ နာရီခန့်က အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တိုက်ပွဲစတင်ဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှာ လက်နက်ကြီးမျိုးစုံအသုံးပြု တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ပွဲတွင် CDF(မင်းတပ်) ဘက်မှအကျအဆုံးမရှိခဲ့ဘဲ အကြမ်းဖက်စစ်ကောင်စီတပ်မှ​သေဆုံးဒဏ်ရာရရှိမှုကို မသိခဲ့​သေးဟု ပါရှိသည်။

Public Service Announcement

Public Service Announcement

ထိုနောက် မတူပီမြို့သို့ ထွက်ခွာလာသည့် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို ၄၂ မိုင်တွင် CDF(မင်းတပ်) က ညနေ ၅နာရီခန့်တွင် ခြုံခိုတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်​ကောင်စီတပ်သား လေးဦးသေဆုံးခဲ့သည်။ ထိုပြင် ၄၅ မိုင်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ကိုထပ်မံ မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦး ထပ်မံသေဆုံးခဲ့သည်ဟု CDF(မင်းတပ်)က ယ​နေ့ညတွင်( ဇန်နဝါရီ ၁၁ တွင်)ထုတ်ပြန်သည်။

ထိုကြောင့်မင်းတပ်နှင့်မတူပီကြား ယနေ့တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ စုစုပေါင်း ၇ ဦး ကျဆုံးခဲ့ပြီး CDF(မင်းတပ်) ဘက်မှ အကျအဆုံးမရှိခဲ့ဟုပါရှိသည်။

ထိုအပြင် ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့နယ်ဝေဘူလမြို့အနီး၌ ဖလမ်းအခြေစိုက် ဒေသခံကာကွယ်ရေးတပ်-CNDFထောင်ထားသည့်မိုင်းများကို အကြမ်းဖက်စစ်ကောင်စီတပ်များက ယ​နေ့မနက် ၉နာရီခန့်တွင် နင်းမိ၍ ထိခိုက်ကျဆုံးမူများရှိခဲ့သည်ဟု ချင်းအမျိုးသာအဖွဲ့ချုပ် CNOကဆိုထားသည်။

အထိအခိုက်များနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်များကို CNDF က နေလယ် နှစ်နာရီခန့်တွင် အလစ်အငိုက် ဝင်တိုက်ရာတွင် အကြမ်းဖက်စစ်သား ၁၅ ဦးခန့်ထပ်မံသေဆုံးခဲ့သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ်(CNO) ကထုတ်ပြန်ထားသည်။ ဖလမ်းမြို့နယ်၊ဝေဘူလမြို့အတွင်း ယခုအပတ်တွင်း တိုက်ပွဲပြင်းထန်လျက်ရှိသည်ဟုလည်း CNOက သတင်းထုတ်ပြန်ထားသည်၊

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ