Connect with us

Hi, what are you looking for?

LuduNwayOo

News

ချင်းပြည်နယ်တိုက်ပွဲများတွင် တစ်ရက်တည်းစစ်​ကောင်စီတပ် အနည်းဆုံး ၂၂ ဦး​သေ

တိုက်ပွဲများသည် မင်းတပ်-မတူပီမြို့ကြားနှင့် ဖလမ်းမြို့နယ်၊ ဝေဘူလမြို့အနီးတို့တွင် ဖြစ်ပွားခြင်းဖြစ်သည်ဟု ဒေသခံကာကွယ်ရေးတပ်များက သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

(မင်းတပ်နှင်မတူပီကြားစစ်​ကောင်စီးယာဥ်တန်း။ ဓါတ်ပုံ-CDFမင်းတပ်)

-မင်းတပ်နှင့်မတူပီကြား၇ ဦး​၊ ဝေဘူလအနီး ၁၅ဦး​ကျော်​သေ

မင်းတပ်နှင့် ဖလမ်းတွင် အကြမ်းဖက်စစ်ကောင်စီနှင့် ယနေ့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား အနည်းဆုံး ၂၂ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ များက ယနေ့ညတွင် သတင်းထုတ်ပြန်သည်။

တိုက်ပွဲများသည် မင်းတပ်-မတူပီမြို့ကြားနှင့် ဖလမ်းမြို့နယ်၊ ဝေဘူလမြို့အနီးတို့တွင် ဖြစ်ပွားခြင်းဖြစ်သည်ဟု ဒေသခံကာကွယ်ရေးတပ်များက သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

မင်းတပ်-မတူပီမြို့ကြား ၃၉မိုင်တွင် ယနေ့ နေ့လယ် ၁၂ နာရီခန့်က အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တိုက်ပွဲစတင်ဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှာ လက်နက်ကြီးမျိုးစုံအသုံးပြု တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ပွဲတွင် CDF(မင်းတပ်) ဘက်မှအကျအဆုံးမရှိခဲ့ဘဲ အကြမ်းဖက်စစ်ကောင်စီတပ်မှ​သေဆုံးဒဏ်ရာရရှိမှုကို မသိခဲ့​သေးဟု ပါရှိသည်။

Public Service Announcement

Public Service Announcement

ထိုနောက် မတူပီမြို့သို့ ထွက်ခွာလာသည့် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို ၄၂ မိုင်တွင် CDF(မင်းတပ်) က ညနေ ၅နာရီခန့်တွင် ခြုံခိုတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်​ကောင်စီတပ်သား လေးဦးသေဆုံးခဲ့သည်။ ထိုပြင် ၄၅ မိုင်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ကိုထပ်မံ မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦး ထပ်မံသေဆုံးခဲ့သည်ဟု CDF(မင်းတပ်)က ယ​နေ့ညတွင်( ဇန်နဝါရီ ၁၁ တွင်)ထုတ်ပြန်သည်။

ထိုကြောင့်မင်းတပ်နှင့်မတူပီကြား ယနေ့တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ စုစုပေါင်း ၇ ဦး ကျဆုံးခဲ့ပြီး CDF(မင်းတပ်) ဘက်မှ အကျအဆုံးမရှိခဲ့ဟုပါရှိသည်။

ထိုအပြင် ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့နယ်ဝေဘူလမြို့အနီး၌ ဖလမ်းအခြေစိုက် ဒေသခံကာကွယ်ရေးတပ်-CNDFထောင်ထားသည့်မိုင်းများကို အကြမ်းဖက်စစ်ကောင်စီတပ်များက ယ​နေ့မနက် ၉နာရီခန့်တွင် နင်းမိ၍ ထိခိုက်ကျဆုံးမူများရှိခဲ့သည်ဟု ချင်းအမျိုးသာအဖွဲ့ချုပ် CNOကဆိုထားသည်။

အထိအခိုက်များနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်များကို CNDF က နေလယ် နှစ်နာရီခန့်တွင် အလစ်အငိုက် ဝင်တိုက်ရာတွင် အကြမ်းဖက်စစ်သား ၁၅ ဦးခန့်ထပ်မံသေဆုံးခဲ့သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ်(CNO) ကထုတ်ပြန်ထားသည်။ ဖလမ်းမြို့နယ်၊ဝေဘူလမြို့အတွင်း ယခုအပတ်တွင်း တိုက်ပွဲပြင်းထန်လျက်ရှိသည်ဟုလည်း CNOက သတင်းထုတ်ပြန်ထားသည်၊

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။