Connect with us

Hi, what are you looking for?

News

အင်းကျွန်းရွာကိုမီးရှို့​သောစစ်​ကောင်စီတပ်နှင့်ပျူ​စောထီးများကို က​လေး(PDF)ကတိုက်ခိုက်ရာစစ်သားနှင့်ပျူ ၅ဦး​​သေ

ဇန်နာဝါရီ ၁၁ ညနေ ၂နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များ တပ်စွဲထားသော နေရာကို CNDFက သွားရောက်တိုက်ခိုက်ရာတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ အနည်းဆုံး ၁၅ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူအများ၊အပြားရှိခဲ့ကြောင်း CNDFက ထုတ်ပြန်ထားသည်။

(က​လေး PDF တပ်ဖွဲ့ ဝင်များ ။ ဓါတ်ပုံ-PDFက​လေး)

ကလေးမြို့နယ်၊ အင်းကျွန်းရွာကို မီးရှို့ခဲ့သည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့်ပျူစောထီးများကို သွားရောက် ပစ်ခတ်တိုက်ခိုက်ပြီးတိုက်ပွဲဖြစ်ပွားရာအကြမ်းဖက်စစ်ကောင်စီနှင့်ပျူစောထီး ၅ ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -PDF(ကလေး) က ယနေ့သတင်းထုတ်ပြန်သည်။

တိုက်ပွဲမှာပြင်းထန်ပြီး နံနက် ၇ နာရီမှာ နေလယ် ၁၁နာရီအထိ​လေးနာရီထိ့ကြာမြင့်ကာစစ်​ကောင်စီတပ်နှင့်ပျူ​စောထီး ၅ဦး​သေဆုံးပြီး ၊PDF(က​လေး)ဘက်မှနှစ်ဦးလက်နက်ကြီးထိ့မှန်ဒဏ်ရာရရှိခဲ့သည်ဟုထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

ကလေးမြို့နယ်၊ကျောက်ပြုတ်ရွာတွင် တပ်စွဲထားသည့် ပျူစောထီးနှင့်အကြမ်းဖက်စစ်ကောင်စီတပ်သား ၆၀ခန့်က ယနေ့ (ဇန်နဝါရီ ၁၂)မနက်ပိုင်းတွင် အင်းကျွန်းရွာကို ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့သည်။ထိုနောက် ရေရှင်ရွာကို ဆက်လက်ထွက်ခွာလာရာ PDF(ကလေး) ကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုတိုက်ပွဲအတွင်း ဟံသာဝတီရွာဘက် အကြမ်းဖက်စစ်ကောင်စီတပ်များက လက်နက်ကြီးပစ်ကူပေးခဲ့ပြီး နေ့လယ် ၁ နာရီခန့်တွင်စစ်ကောင်စီတပ်များသည် ကျောက်ပြုတ်ရွာသို့ပြန်လည်ဆုတ်ခွာသွားသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်များသည် အင်အား ၂၀၀ခန့်ဖြင့် ဖလမ်းမြို့၊ ဝေဘူလမြို့ကို ဇန်နဝါရီ ၆ရက်တွင်စတင် စစ်ကြောင်းထိုးတက်လာ၍ ဒေသခံကာကွယ်ရေးတပ်လေးခုဖြစ်သည့် PDF(ကလေး)၊ရိမ်းဂျားကလေးမြို့ပြည်သူကာကွယ်ရေးတပ်( RKDF)၊ CNDF နှင့် Zomi PDFတို့က ကြားဖြတ်တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၄ဦးသေဆုံးခဲ့သည်။

ဇန်နဝါရီ ၇ ရက်တွင် စစ်​ကောင်စီတပ်သည်ဝေဘူလမြို့သို့​ရောက်ရှိပြီး ​ဝေဘူလမြို့မှ ဖလမ်းမြို့သို့ ဆက်လက်စစ်ကြောင်းထိုးလာရာ CNDFက လမ်းတလျှောက် ခုခံတိုက်ခိုက်​နေ​သည်။

ဇန်နာဝါရီ ၁၁ ညနေ ၂နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များ တပ်စွဲထားသော နေရာကို CNDFက သွားရောက်တိုက်ခိုက်ရာတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ အနည်းဆုံး ၁၅ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူအများ၊အပြားရှိခဲ့ကြောင်း CNDFက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

Facebook