ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက် အကျဥ်းထောင်ဘေးပတ်လည်တွင် ကင်းပုန်းဝပ်ချထားသောအကြမ်းဖက်စစ်ကောင် စီတပ်ကို တိုက်ခိုက်ရာစစ်ကောင်စီတပ်သား သုံးဦး သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-PDF)က ယနေ့ညတွင်ထုတ်ပြန် သည်။
ယနေ့(ဇန်နဝါရီ ၁၂ ရက်) နံနက် ၁၁ နာရီခွဲခန့်က စ၍ နေ့လည် ၁ နာရီ အထိ တိုက်ပွဲ ကြာမြင်ခဲ့ပြီး KDF နှင့် GZ 21 တပ်များပူးပေါင်း၍ တိုက်ခိုက်ခဲ့သည်။အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှလက် နက်ကြီးများ အဆမတန် အသုံးပြုခြင်းနှင့် လေ ကြောင်းပစ်ကူများပါ အသုံးပြုခဲ့ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ယနေ့တိုက်ခိုက်မှုတွင် အကြမ်းဖက် စစ်ကောင်စီဖက်က (၃)ဦးခန့်သေဆုံးပြီး ထိခိုက်ဒဏ်ရာအချို့ ရှိခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒေါဥခူတိုက်ပွဲတွင် (၂)ရက်အတွင်း အကြမ်း ဖက်စစ်ကောင်စီတပ်ဖက်က (၈)ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာ အမြောက်အများ ရှိခဲ့ကြောင်းလည်းပါရှိသည်။

Public Service Announcement
ထို့အပြင် ဇန်နဝါရီ ၇ ရက်က စ၍ လွိုင်ကော်မြို့တွင်း တိုက်ပွဲ စတင်ခဲ့သော အကြမ်းဖက်စစ် ကောင်စီ တပ်သည် နေ့စဥ်လိုလို သေဆုံးမှုများနေပြီး ရဟတ်ယာဥ်များ ၊တိုက်လေယာဥ်များအသုံးပြုတိုက်ခိုက်နေသော်လည်း စစ်ကောင်စီတပ်များပင် သေဆုံး၊ထိ့ခိုက်မှုများနေသည်။


















































