Connect with us

Hi, what are you looking for?

News

လွိုင်​ကော်မြို့ ထောင်​ဘေး တိုက်ပွဲစစ်​ကောင်စီတပ်၃ဦး​သေ

ယနေ့တိုက်ခိုက်မှုတွင် အကြမ်းဖက် စစ်​ကောင်စီဖက်က (၃)ဦးခန့်​​သေဆုံးပြီး ထိခိုက်ဒဏ်ရာအချို့ ရှိခဲ့ကာ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

(ဒီး​မော့ဆို PDFတပ်ဖွဲ့ဝင်များ)

ကယားပြည်နယ်၊ လွိုင်​ကော်မြို့၊ ​ဒေါဥခူရပ်ကွက် အကျဥ်း​ထောင်​ဘေးပတ်လည်တွင် ကင်းပုန်းဝပ်ချထား​သောအကြမ်းဖက်စစ်ကောင် စီတပ်ကို တိုက်ခိုက်ရာစစ်ကောင်စီတပ်သား သုံးဦး သေဆုံးကြောင်း ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို(DMO-PDF)က ယ​နေ့ညတွင်ထုတ်ပြန် သည်။

ယနေ့(ဇန်နဝါရီ ၁၂ ရက်) နံနက် ၁၁ နာရီခွဲခန့်က စ၍ နေ့လည် ၁ နာရီ အထိ တိုက်ပွဲ ကြာမြင်ခဲ့ပြီး KDF နှင့် GZ 21 တပ်များပူး​ပေါင်း၍ တိုက်ခိုက်ခဲ့သည်။အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှလက် နက်ကြီးများ အဆမတန် အသုံးပြုခြင်းနှင့် လေ ကြောင်းပစ်ကူများပါ အသုံးပြုခဲ့​ကြောင်းထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

ယနေ့တိုက်ခိုက်မှုတွင် အကြမ်းဖက် စစ်​ကောင်စီဖက်က (၃)ဦးခန့်​​သေဆုံးပြီး ထိခိုက်ဒဏ်ရာအချို့ ရှိခဲ့ကာ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

​ဒေါဥခူတိုက်ပွဲတွင် (၂)ရက်အတွင်း အကြမ်း ဖက်စစ်​​ကောင်စီတပ်ဖက်က (၈)ဦး​​​သေဆုံးပြီး ထိခိုက်ဒဏ်ရာ အ​မြောက်အများ ရှိခဲ့ကြောင်းလည်းပါရှိသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဇန်နဝါရီ ၇ ရက်က စ၍ လွိုင်ကော်မြို့တွင်း တိုက်ပွဲ စတင်ခဲ့သော အကြမ်းဖက်စစ် ကောင်စီ တပ်သည် နေ့စဥ်လိုလို သေဆုံးမှုများ​နေပြီး ​ရဟတ်ယာဥ်များ ၊တိုက်​လေယာဥ်များအသုံးပြုတိုက်ခိုက်​နေ​သော်လည်း စစ်​ကောင်စီတပ်များပင် ​သေဆုံး၊ထိ့ခိုက်မှုများ​နေသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook