Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်အုပ်စုကို အရေးယူဒဏ်ခတ်ရန် ဆက်လက်လုပ်ဆောင်နေဟု ဗြိတိန်ထုတ်ပြန်

ဗြိတိန်သည် မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းပြီးချိန်မှစပြီး ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများ နှင့် မြန်မာပြည်သူလူထုကို ဖိနှိပ်မှုများတွင် ပါဝင်ပတ်သက်မှုအတွက် လူပုဂ္ဂိုလ် ၂၄ဦးနဲ့ အဖွဲ့အစည်း ၉ ခုတို့ ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့သည်။

မြန်မာပြည်သူလူထုအပေါ် အပြစ်ကျူးလွန်မှုများတွင် တာဝန်ရှိသူများကို အရေးယူနိုင်ရေး ဆက်လက် လုပ်ဆောင်နေကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာသည်။

စစ်အာဏာရှင်များအနေဖြင့် လက်နက်ကိရိယာများနှင့် ရန်ပုံငွေများရရှိနေမှုကို ကန့်သတ်ရန် ဗြိတိန်သည် နိုင်ငံတကာမိတ်ဖက်များနှင့်အတူ ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ကရင်နီ၊ ကရင်၊ ချင်း၊ စစ်ကိုင်း၊ မကွေးတို့အပါအဝင် ဒေသအနှံ့အပြားကို လေကြောင်းနှင့် လက်နက်ကြီးများအသုံးပြုကာ အပြစ်မဲ့အရပ်သားပြည်သူများကို ပစ်ခတ်ထိုးစစ်ဆင်မှုများလုပ်ဆောင်နေချိန်တွင် ဗြိတိန်က ယခုလို ထုတ်ပြန်လာခြင်းဖြစ်သည်။

ဗြိတိန်သည် မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းပြီးချိန်မှစပြီး ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများ နှင့် မြန်မာပြည်သူလူထုကို ဖိနှိပ်မှုများတွင် ပါဝင်ပတ်သက်မှုအတွက် လူပုဂ္ဂိုလ် ၂၄ဦးနဲ့ အဖွဲ့အစည်း ၉ ခုတို့ ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့သည်။

Public Service Announcement

Public Service Announcement

အဆိုပါ ပစ်မှတ်ထားခံရသူများတွင် နိုင်ငံတော် အုပ်ချုပ်ရေးကောင်စီနှင့် အခြားသော မြန်မာစစ်တပ် အကြီးတန်းပုဂ္ဂိုလ်များသာမက စစ်အစိုးရအတွက် အဓိက၀င်ငွေကို ပံ့ပိုးပေးနေသည့် စစ်တပ်နှင့် ဆက်စပ်နေသည့် ကုမ္ပဏီများလည်း ပါဝင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။