Connect with us

Hi, what are you looking for?

News

NUG အထူး​ငွေတိုက်စာချုပ်များဝယ်ယူရန် ၁၄ နိုင်ငံမှ ကိုယ်စားလှယ်များကိုထုတ်ပြန်

ငွေတိုက်စာချုပ်များကို ကိုယ်စားလှယ်စနစ်ဖြင့် ပြန်လည်ရောင်းချရာတွင် နှစ်ပတ်အတွင်း ဒေါ်လာ ၃ ဒသမ ၆ သန်းကျော်ရောင်းချခဲ့ရသည်ဟု NUG၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမူဝန်ကြီး ဦးတင်ထွန်းနိုင်က ယမန်​နေ့ကပြောသည်။

အထူးငွေတိုက်စာချုပ်စာများကို ဝယ်ယူနိုင်ရန် နိုင်ငံ​ပေါင်း ၁၄ နိုင်ငံမှ ကိုယ်စားလှယ် ၄၈ ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယမန်နေ့က ထုတ်ပြန်ကြေငြာသည်။

ဖော်ပြပါငွေတိုက်စာချုပ်ကိုယ်စားလှယ်များကိုယုံကြည်စွာဆက်သွယ်ပြီး ငွေတိုက်စာချုပ်များဝယ်ယူရန် အမှာစာများတင်နိုင်ပြီဖြစ်ကြောင်း NUG ၏စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမူဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထိုကိုယ်စားလှယ်များသည် ကြေညာရန်သဘောတူထားသော ငွေတိုက်စာချုပ်ကိုယ်စားလှယ်များကိုသာဖြစ်ပြီး လုံခြုံရေးအရ social media တွင်ကြေညာရန် အခက်အခဲရှိသော ငွေတိုက်စာချုပ်ကိုယ်စားလှယ်များလည်း ရှိနေသေးသည်ဟုပါရှိသည်။ ထိုကြောင့် ကိုယ်တိုင်စိတ်ချယုံကြည်ရပြီး ထုတ်ပြန်ကြေညာထားခြင်းမရှိသည့် ငွေတိုက်စာချုပ်ကိုယ်စားလှယ်များထံတွင်လည်း ချိတ်ဆက်ဝယ်ယူနိုင်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်လိုက်သည်။

ယခုထုတ်ပြန်ထားသည့် ကိုယ်စားလှယ်များတွင် ဩစတြေးလျ မလေးရှားနှင့် ဗြိတိန်နိုင်ငံတွင် ကိုယ်စား ၂ဦးစီ၊ ဖင်လန်၊ နော်ဝေး၊ ကိုရီးယား၊ ဘရူနိုင်း၊ ဆွစ်ဇာလန်နိုင်ငံတို့တွင် ကိုယ်စားလှယ် တစ်ဦးစီ၊ ထိုင်းနိုင်ငံတွင် ကိုယ်စားလှယ် ၇ ဦး ၊ အမေရိကန်တွင်ကိုယ်စားလှယ် ၉ ဦး၊ ဂျပန်နိုင်ငံတွင် ၄ ဦး၊ စင်ကာပူနိုင်ငံတွင် ၁၆ ဦး စသဖြင့်​တွေ့ရသည်။

Public Service Announcement

Public Service Announcement

​ငွေတိုက်စာချုပ်​ရောင်းချ​​ပေး​သော ကိုယ်စားလှယ်များ၏ စာရင်းကို ​အောက်ပါလင့်တွင်သွား​ရောက်ကြည့်ရှုနိုင်ပါသည်။ https://www.facebook.co/108428034722…/posts/272879091610530/

ငွေတိုက်စာချုပ်များကို ကိုယ်စားလှယ်စနစ်ဖြင့် ပြန်လည်ရောင်းချရာတွင် နှစ်ပတ်အတွင်း ဒေါ်လာ ၃ ဒသမ ၆ သန်းကျော်ရောင်းချခဲ့ရသည်ဟု NUG၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမူဝန်ကြီး ဦးတင်ထွန်းနိုင်က ယမန်​နေ့ကပြောသည်။

အချို့နိုင်ငံများတွင် သက်ဆိုင်ရာနိုင်ငံများကအကန့်အသတ်အရ ကိုယ်စားလှယ်အဖြစ် တရားဝင် မကြေငြာနိုင်ရခြင်းဖြစ်ပြီး ယုံကြည်ရသူများထံမှ စိတ်ချ၊လက်ချဝယ်ယူပေးကြပါရန်လည်း ၎င်းကတိုက်တွန်းသည်။

နွေဦးတော်လှန်ရေးရန်ပုံငွေအတွက် အထူးငွေတိုက်စာချုပ်များကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဒေါ်လာ တစ်ဘီလီယံဖိုးရောင်းချရန် စီစဉ်ထားခြင်းဖြစ်သည်။ ပထမအသုတ်အနေဖြင့် ဒေါ်လာ သန်း ၂၀၀ဖိုးကို နိုဝင်ဘာလကတည်းက စတင်ရောင်းချနေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ