ပြည်သူလူထုအပေါ် နည်းမျိုးစုံဖြင့် ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်မှုများကို ကျူးလွန်လျက်ရှိသည့် အကြမ်းဖက် စစ်ကောင်စီတပ်များအပေါ် စစ်ရေးအရ အရေးယူတုန့်ပြန်တိုက်ခိုက်နိုင်ရေး ဇန်နဝါရီ ၈ ရက်မှ ၁၅ရက်အတွင်း အောက်ပါစစ်ဆင်ရေးလှုပ်ရှားမှုများကို ဆောက်ရွက်ခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဒဂုံမြို့သစ် အရှေ့ပိုင်း
ဒဂုံမြို့သစ်အရှေ့ပိုင်း မင်းရဲကျော်စွာလမ်းရှိ EPC ရုံးအနီး ကင်းပုန်းဝပ်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ပစ်မှတ်ထား၍ ဇန်နဝါရီ ၈ရက် ည ၈ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အဝေးထိန်းမိုင်း ၂လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရန်သူတပ်သားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
တွံတေး

Public Service Announcement
တွံတေးမြို့နယ် ထွေအုပ်ရုံးအနီး တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် များကို ဇန်နဝါရီ ၁၀ ရက် ည ၇ နာရီခန့်က ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များနှင့်အတူ Twantay Rangers တပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး မိမိဘက်မှ ရဲဘော်များ ထိခိုက်မှုမရှိဘဲ ရန်သူ တပ်သား အချို့ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။
တိုက်ကြီး
တိုက်ကြီးမြို့နယ် အင်္ဂလားရပ်ထိပ်ရှိ ကင်းပုန်းဝပ်နေသည့် အကြမ်းဖက်စစ်ကောင်စီ တပ်သားများအား ပစ်မှတ်ထား၍ ဇန်နဝါရီ ၁၁ ရက်ည ၇ နာရီခွဲခန့်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရန်သူတပ်သား ၆ ဦးအနက် တပ်ကြပ်ကြီးတစ်ဦးနှင့် တပ်သား တစ်ဦးသေဆုံးပြီး ကျန်တပ်သားများ ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။
သုံးခွ
သုံးခွမြို့နယ်ရှိ ပြည်သူများအပေါ် မီတာခအတင်း အကြပ်ကောက်ခံခြင်း၊ လျှပ်စစ်မီး ဖြတ်တောက်ခြင်းများ အနိုင်ကျင့်ဆောင်ရွက်လျက်ရှိသည့် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များရှိရာ မြို့နယ် EPC ရုံးကို ဇန်နဝါရီ ၁၄ ရက် ည ၇ နာရီခွဲတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် Thongwa Youth Force-TYF တပ်ဖွဲ့ ဝင်များက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက် ခိုက်ခဲ့သည်။
အလုံ
အလုံမြို့နယ် ထော်လီကွေ့မှတ်တိုင်အနီး အကြမ်းဖက်စစ်ကောင်စီ၏ စီးပွားရေး ဒေါက်တိုင်တစ်ခုဖြစ်သည့် “ထူး” စက်သုံးဆီအရောင်းဆိုင်ကို ဇန်နဝါရီ ၁၆ ရက် နံနက် ၄ နာရီအချိန်ခန့်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် Special Task Agency of Burma-STA တပ်ဖွဲ့ဝင်များက လက်ပစ်ဗုံး ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ တစ်ဆိုင်လုံး မီးလောင်ပျက်စီးသွားသည်။
သို့သော် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်း၏ လက်ပါးစေများ သည် ပြည်သူ့ တော်လှန်ရေးရဲဘော်များကို အသွင်ယူအယောင်ပြ ထောက်ခြောက်ဆင်ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိနေသည်ဟု သတိပေးသည်။
ထို့ကြောင့် တော်လှန်ရေးရဲဘော်များအနေဖြင့် မိမိတို့အဖွဲ့များ၏တာဝန်ရှိသူအဆင့်ဆင့်မှ သတိ ပေး ပြောကြားချက်များကို အထူးအလေးထားလိုက်နာဆောင်ရွက်ကြရန်နှင့် တော်လှန်ရေး အင်အားစု များ၊ ရဲဘော်များအချင်းချင်းကြားတွင် ထင်ယောင်ထင်မှား သံသယဖြစ်စေနိုင်သော လှည့်ကွက်များကို အထူးသတိပြုဆင်ခြင်လုပ်ကိုင်ကြရန် ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က တိုက်တွန်းသည်။


















































