Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်ကို တမူးမြို့ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲသုံးခု ပူးပေါင်းတိုက်ခိုက်၊ လေးဦးသေပြီး နှစ်ဦးဒဏ်ရာရဟုထုတ်ပြန်

ယနေ့ဖြစ်စဥ်တွင် ပြည်သူ့တပ်ဖွဲ့မှ ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး နောက်နောင်တွင်လည်း ပူးတွဲ တိုက်ပွဲဖော်ဆောင်သွားမည်ဟု အသိပေးထားသည်။

စစ်ကိုင်းတိုင်း တမူးမြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ လေးဦးသေပြီး နှစ်ဦး ဒဏ်ရာရရှိသည်ဟု တမူး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲက ထုတ်ပြန်သည်။

ယနေ့(ဇန်နဝါရီ ၁၆ ရက် )နံနက် ၈နာရီခန့်က တမူးမြို့ နန်းဖာလုံရပ်ကွက် ၊ကံကြီးဝတံတားအနီး၌ တမူးမြို့ရှိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့သုံးဖွဲ့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယနေ့ဖြစ်စဥ်တွင် ပြည်သူ့တပ်ဖွဲ့မှ ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး နောက်နောင်တွင်လည်း ပူးတွဲ တိုက်ပွဲဖော်ဆောင်သွားမည်ဟု အသိပေးထားသည်။

ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အင်အားများပြားလာသည့်အတွက် တပ်ရင်းတစ်ခုကို တိုးချဲ့ဖွဲ့စည်းခဲ့ကြောင်းလည်း တမူးမြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က ယနေ့ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၌ ထပ်တိုးတပ်ရင်းနှင့်အတူ တပ်ရင်း လေးခုအထိ ရှိလာသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook