မန္တလေး-ဗန်းမော်လမ်းမကြီးအား ညနေ ၆နာရီမှ နံနက် ၅ နာရီအတွင်း အသုံးမပြုကြရန် People Defence Force(Shwegu)က ယနေ့ (ဇန်နဝါရီ ၁၉)အသိပေး ထုတ်ပြန်လိုက်သည်။
ညနေ ၆ နာရီမှ နံနက် ၅ နာရီအတွင်း ဖြတ်သန်းသွားလာခြင်းမပြုလုပ်ကြရန်နှင့် စစ်ကောင်စီတပ်များ၊ စစ်ယာဥ်တန်းများနှင့် ဝေးဝေးရှောင်ကြရန်လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ရွှေဂူမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၆၃ ခုတို့မှ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးများ အနေဖြင့် ဇန်နဝါရီ ၂၆ ရက်နောက်ဆုံးထားနှုတ်ထွက်ပေးကြန်ရန်လည်း Shwegu PDF က သတိပေးသည်။
Shwegu PDFအနေဖြင့် မြို့နယ်အတွင်းရှိ စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှုတ်ထွက်ရေးနှင့်စပ်လျဥ်းပြီး ပြီးခဲ့သည့်နှစ် နိုဝင်ဘာလလယ်က သတိပေး ချက်ထုတ်ပြန်ခဲ့ဖူးသည်။

Public Service Announcement


















































