Connect with us

Hi, what are you looking for?

News

မန္တလေး-ဗန်းမော်လမ်းမကြီးအား ညနေ၆ နာရီမှ နံနက် ၅ နာရီအတွင်း အသုံးမပြုရန် Shwegu PDF သတိ​​ပေး

Shwegu PDFအနေဖြင့် မြို့နယ်အတွင်းရှိ စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှုတ်ထွက်ရေးနှင့်စပ်လျဥ်းပြီး ပြီးခဲ့သည့်နှစ် နိုဝင်ဘာလလယ်က သတိပေး ချက်ထုတ်ပြန်ခဲ့ဖူးသည်။

People's Spring
People's Spring

မန္တလေး-ဗန်းမော်လမ်းမကြီးအား ညနေ ၆နာရီမှ နံနက် ၅ နာရီအတွင်း အသုံးမပြုကြရန် People Defence Force(Shwegu)က ယနေ့ (ဇန်နဝါရီ ၁၉)အသိ​ပေး ထုတ်ပြန်လိုက်သည်။

ညနေ ၆ နာရီမှ နံနက် ၅ နာရီအတွင်း ဖြတ်သန်းသွားလာခြင်းမပြုလုပ်ကြရန်နှင့် စစ်ကောင်စီတပ်များ၊ စစ်ယာဥ်တန်းများနှင့် ဝေးဝေးရှောင်ကြရန်လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ရွှေဂူမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၆၃ ခုတို့မှ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးများ အနေဖြင့် ဇန်နဝါရီ ၂၆ ရက်နောက်ဆုံးထားနှုတ်ထွက်ပေးကြန်ရန်လည်း Shwegu PDF က သတိပေးသည်။

Shwegu PDFအနေဖြင့် မြို့နယ်အတွင်းရှိ စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှုတ်ထွက်ရေးနှင့်စပ်လျဥ်းပြီး ပြီးခဲ့သည့်နှစ် နိုဝင်ဘာလလယ်က သတိပေး ချက်ထုတ်ပြန်ခဲ့ဖူးသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

တဦးတည်းသင်္ဘော ၄စီးထိဆုံးရှုံးရသူများရှိပြီး သင်္ဘောတစီး ကျပ်သိန်းရှစ်ထောင်မှသိန်းနှစ်သောင်းထိရှိကာ ​နွေဦး​တော်လှန်​ရေးရဲအရင်းအနှီးဟု အသိ​ပေး

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

Facebook