Connect with us

Hi, what are you looking for?

News

ကလေး-တမူးလမ်း ညပိုင်းဖြတ်သန်းသွားလာခြင်း လုံး၀မလုပ်ရန် တမူး PDF သတိပေး

ထုတ်ပြန်ချက်အား မလိုက်နာဘဲ ဖြတ်သန်းသွားလာခြင်းကြောင့် ဖြစ်ပေါ်လာသည့် အသက် အန္တရာယ်နှင့် ပြဿနာအကျိုးဆက်များကို PDF-Tamu တပ်ရင်း(၃)မှ တာဝန်ယူဖြေရှင်းမည် မဟုတ်ကြောင်းလည်း အသိပေးထားသည်။

ကလေး – တမူး အာရှလမ်းမကြီးပေါ်တွင် ယနေ့(ဇန်နဝါရီ ၂၀)မှစ၍ ညပိုင်း ဖြတ်သန်းသွားလာခြင်းမပြုရန် ပြည်သူ့ကာကွယ်ရေးတပ်-တမူး(PDF Tamu) တပ်ရင်း(၃)က သတိပေးထုတ်ပြန်သည်။

အဆိုပါလမ်းတွင် PDFနှင့် စစ်အာဏာရှင်လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင်များအကြား စစ်ရေးလှုပ်ရှားမှုများနှင့် ထိတွေ့တိုက်ပွဲများ အချိန်အခါမရွေး ဖြစ်ပွားလျက်ရှိနေ၍ ပြည်သူများ အသက်အန္တရာယ် လုံခြုံရေးအရ မှားယွင်း ပစ်ခတ်တိုက်ခိုက်မှု မဖြစ်ပွားစေရန် ခရီးသွားလာခြင်းအား ညနေ ၆နာရီမှ နံနက် ၅နာရီအထိ ဖြတ်သန်းသွားလာခြင်း လုံး၀မပြုလုပ်ကြရန် သတိပေးထားသည်။

ထုတ်ပြန်ချက်အား မလိုက်နာဘဲ ဖြတ်သန်းသွားလာခြင်းကြောင့် ဖြစ်ပေါ်လာသည့် အသက် အန္တရာယ်နှင့် ပြဿနာအကျိုးဆက်များကို PDF-Tamu တပ်ရင်း(၃)မှ တာဝန်ယူဖြေရှင်းမည် မဟုတ်ကြောင်းလည်း အသိပေးထားသည်။

ယခု အသိပေးကြေညာချက်သည် နောက်ထပ်ကြေညာချက် တစ်စုံတစ်ရာပြောင်းလဲ ထုတ်ပြန်မှု မရှိမခြင်း အကျိုးဝင်သည်ဟုလည်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်ကွပ်ကဲမှုအောက်ရှိ အမှတ် (၉၇၁၁) တပ်ရင်းကို လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ကလေးမြို့ ကလေးအကျဉ်းထောင်အတွင်း အာဟာရပြတ်လပ်မှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရှိတာ၊ အာဏာပိုင်တွေက ဖိနှိပ်တာ၊ ရိက္ခာ ခေါင်းပုံဖြတ်တာတွေကြောင့် အိန္ဒိယနိုင်ငံသား အပါအဝင် အကျဉ်းသား ၇ဦး ဒီနှစ်အတွင်း သေဆုံးခဲ့ရကြောင်း ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်ပါတယ်။

သတင်း

ပြည့်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)၊အထူးတိုင်းစစ်ဌာန သုံ့ပန်းစခန်းမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့ စစ်သုံ့ပန်း ၁၆ ဦးကို သူတို့ရဲ့ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် တာဝန်ထမ်း‌ ဆောင်ခွင့် ပြုလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်က အင်း​တော်မှာပြည်သူ ၁ဦးကိုသတ်ပြီး ၁ ဦးကိုဖမ်း​​ခေါ်သွား