Connect with us

Hi, what are you looking for?

News

ကလေး-တမူးလမ်း ညပိုင်းဖြတ်သန်းသွားလာခြင်း လုံး၀မလုပ်ရန် တမူး PDF သတိပေး

ထုတ်ပြန်ချက်အား မလိုက်နာဘဲ ဖြတ်သန်းသွားလာခြင်းကြောင့် ဖြစ်ပေါ်လာသည့် အသက် အန္တရာယ်နှင့် ပြဿနာအကျိုးဆက်များကို PDF-Tamu တပ်ရင်း(၃)မှ တာဝန်ယူဖြေရှင်းမည် မဟုတ်ကြောင်းလည်း အသိပေးထားသည်။

ကလေး – တမူး အာရှလမ်းမကြီးပေါ်တွင် ယနေ့(ဇန်နဝါရီ ၂၀)မှစ၍ ညပိုင်း ဖြတ်သန်းသွားလာခြင်းမပြုရန် ပြည်သူ့ကာကွယ်ရေးတပ်-တမူး(PDF Tamu) တပ်ရင်း(၃)က သတိပေးထုတ်ပြန်သည်။

အဆိုပါလမ်းတွင် PDFနှင့် စစ်အာဏာရှင်လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင်များအကြား စစ်ရေးလှုပ်ရှားမှုများနှင့် ထိတွေ့တိုက်ပွဲများ အချိန်အခါမရွေး ဖြစ်ပွားလျက်ရှိနေ၍ ပြည်သူများ အသက်အန္တရာယ် လုံခြုံရေးအရ မှားယွင်း ပစ်ခတ်တိုက်ခိုက်မှု မဖြစ်ပွားစေရန် ခရီးသွားလာခြင်းအား ညနေ ၆နာရီမှ နံနက် ၅နာရီအထိ ဖြတ်သန်းသွားလာခြင်း လုံး၀မပြုလုပ်ကြရန် သတိပေးထားသည်။

ထုတ်ပြန်ချက်အား မလိုက်နာဘဲ ဖြတ်သန်းသွားလာခြင်းကြောင့် ဖြစ်ပေါ်လာသည့် အသက် အန္တရာယ်နှင့် ပြဿနာအကျိုးဆက်များကို PDF-Tamu တပ်ရင်း(၃)မှ တာဝန်ယူဖြေရှင်းမည် မဟုတ်ကြောင်းလည်း အသိပေးထားသည်။

ယခု အသိပေးကြေညာချက်သည် နောက်ထပ်ကြေညာချက် တစ်စုံတစ်ရာပြောင်းလဲ ထုတ်ပြန်မှု မရှိမခြင်း အကျိုးဝင်သည်ဟုလည်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook