Connect with us

Hi, what are you looking for?

News

မိုင်းမ​​တော်တဆမှု​ကြောင့် နည်းပညာတက္ကသိုလ်ကျောင်းသား အပါအဝင် CNAနှင့်CDF တပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံး

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ကလေး-တီးတိန်လမ်းမပေါ်ရှိ ဟိန်ဇိန်ကျေးရွာ အနီးတဝိုက်တွင် ဒေသခံကာကွယ်ရေးတပ်များနှင့် အကြမ်းဖက်စစ်ကောင်စီတို့ကြား ဇန်နဝါရီ ၁၃ ရက်ကတည်း တိုက်ပွဲများပြင်းထန်​နေသည်။

ကလေးနည်းပညာတက္ကသိုလ် တတိယနှစ် ကျောင်းသား တစ်ဦးအပါအဝင် ချင်း​ဒေသကာကွယ်ရေးတပ်သားနှစ်ဦး မိုင်းမတော်တဆပေါက်ကွဲ၍ ကျဆုံးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်နေသည့် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဟိန်ဇိန်ရွာတွင် အကြမ်းဖက်စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်ပြီးနောက်မိုင်းကွင်းကို သွားရောက်စစ်ဆေးစဉ် မိုင်းမတော်တဆဖြစ်ကာ ကျဆုံးခဲ့ခြင်းဖြစ်သည်။

မိုင်းမတော်တဆမူကြောင့် ချင်းအမျိုးသားတပ်(CNA)မှ ဆလိုင်း ကျူံးလျန်ဆန်နှင့် မောင်မုန့်နိုးတို့ ကျဆုံးခဲ့ခြင်းဖြစ်သည်။ အသက် ၂၁ နှစ်အရွယ် ကလေးနည်းပညာတက္ကသိုလ် တတိယနှစ်ကျောင်း မောင်မုန့်နိုးသည် ချင်းပြည်ကာကွယ်ရေးတပ်CDF(Zoland)မှ တပ်သားတစ်ဦးဖြစ်သည်။

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ကလေး-တီးတိန်လမ်းမပေါ်ရှိ ဟိန်ဇိန်ကျေးရွာ အနီးတဝိုက်တွင် ဒေသခံကာကွယ်ရေးတပ်များနှင့် အကြမ်းဖက်စစ်ကောင်စီတို့ကြား ဇန်နဝါရီ ၁၃ ရက်ကတည်း တိုက်ပွဲများပြင်းထန်​နေသည်။

Public Service Announcement

Public Service Announcement

ချင်းတောင်ပေါ် စစ်ကြောင်းထိုးတက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်များကို ပြည်သူ့ကာကွယ်ရေးတပ်များဖြစ်သည့် CDM Siyin၊ PDF Zoland ၊Zogam Army၊ People’s Defence Army (PDA) ၊CNDF ၊ PDF(ကလေး) တို့ ပူးပေါင်း ခုခံတိုက်ခိုက်နေခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ဒေသခံကာကွယ်ရေးတပ်များကို လေကြောင်းပစ်ကူနှင့် လက်နက်ကြီးပစ်ကူများ အဓိကအားကိုး၍တိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊တွန်းဇံမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံကသတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်မှာ ချင်းပြည်ကောင်စီ ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေတယ်လို့ ချင်းပြည်ကောင်စီအဖွဲ့ဝင် ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

မေးမြန်းခန်း

CNF/CNAပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီနဲ့ မေးမြန်းခန်း