Connect with us

Hi, what are you looking for?

LuduNwayOo

News

မိုင်းမ​​တော်တဆမှု​ကြောင့် နည်းပညာတက္ကသိုလ်ကျောင်းသား အပါအဝင် CNAနှင့်CDF တပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံး

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ကလေး-တီးတိန်လမ်းမပေါ်ရှိ ဟိန်ဇိန်ကျေးရွာ အနီးတဝိုက်တွင် ဒေသခံကာကွယ်ရေးတပ်များနှင့် အကြမ်းဖက်စစ်ကောင်စီတို့ကြား ဇန်နဝါရီ ၁၃ ရက်ကတည်း တိုက်ပွဲများပြင်းထန်​နေသည်။

ကလေးနည်းပညာတက္ကသိုလ် တတိယနှစ် ကျောင်းသား တစ်ဦးအပါအဝင် ချင်း​ဒေသကာကွယ်ရေးတပ်သားနှစ်ဦး မိုင်းမတော်တဆပေါက်ကွဲ၍ ကျဆုံးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်နေသည့် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဟိန်ဇိန်ရွာတွင် အကြမ်းဖက်စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်ပြီးနောက်မိုင်းကွင်းကို သွားရောက်စစ်ဆေးစဉ် မိုင်းမတော်တဆဖြစ်ကာ ကျဆုံးခဲ့ခြင်းဖြစ်သည်။

မိုင်းမတော်တဆမူကြောင့် ချင်းအမျိုးသားတပ်(CNA)မှ ဆလိုင်း ကျူံးလျန်ဆန်နှင့် မောင်မုန့်နိုးတို့ ကျဆုံးခဲ့ခြင်းဖြစ်သည်။ အသက် ၂၁ နှစ်အရွယ် ကလေးနည်းပညာတက္ကသိုလ် တတိယနှစ်ကျောင်း မောင်မုန့်နိုးသည် ချင်းပြည်ကာကွယ်ရေးတပ်CDF(Zoland)မှ တပ်သားတစ်ဦးဖြစ်သည်။

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ကလေး-တီးတိန်လမ်းမပေါ်ရှိ ဟိန်ဇိန်ကျေးရွာ အနီးတဝိုက်တွင် ဒေသခံကာကွယ်ရေးတပ်များနှင့် အကြမ်းဖက်စစ်ကောင်စီတို့ကြား ဇန်နဝါရီ ၁၃ ရက်ကတည်း တိုက်ပွဲများပြင်းထန်​နေသည်။

Public Service Announcement

Public Service Announcement

ချင်းတောင်ပေါ် စစ်ကြောင်းထိုးတက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်များကို ပြည်သူ့ကာကွယ်ရေးတပ်များဖြစ်သည့် CDM Siyin၊ PDF Zoland ၊Zogam Army၊ People’s Defence Army (PDA) ၊CNDF ၊ PDF(ကလေး) တို့ ပူးပေါင်း ခုခံတိုက်ခိုက်နေခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ဒေသခံကာကွယ်ရေးတပ်များကို လေကြောင်းပစ်ကူနှင့် လက်နက်ကြီးပစ်ကူများ အဓိကအားကိုး၍တိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကိုမာန်ဇာမြေမွန်နှင့် ကိုအောင်ကျော်ဇင်တို့အား မြို့တော်ခန်းမအတွင်းရှိ စစ်သားများက ရိုက်နှက် နှိပ်စက်ခဲ့ရာ ကိုအောင်ကျော်ဇင်မှာ မတ်လ (၂၉) ရက်နေ့တွင် ကျဆုံးခဲ့ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောကြားသည်။

သတင်း

စစ်မှုထမ်းဆင့်ခေါ်ရန်အတွက် အိမ်ထောင်စုစာရင်းများ လိုက်ကောက်သည့်အဖွဲ့၌ ဝန်းထမ်းအသစ်များပါလာသည်ကိုတွေ့ရကြောင်း ဒေသခံများကပြောသည်။

သတင်း

ဖေဖော်ဝါရီ ၂၅ရက်က မုံရွာမြို့နယ်ရှိ ဗန်စီစီ၊ နိဗ္ဗာန်ဝ၊ မုံရွေးကြေးမုံကျေးရွာများသို့ ထိုးစစ်ဆင်လာခဲ့သော စစ်ကြောင်းနှင့် မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၊ တပ်ခွဲ(၃)၊ တပ်စု(၂)Youth Vigor Revolution Force ရဲဘော်များနှင့် ထိပ်တိုက်တွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

မေးမြန်းခန်း

စစ်တပ်အာဏာသိမ်းမှုသုံးနှစ်ပြည့်နေ့ ဖေဖော်ဝါရီ ၁ရက်မှာCNF ကဦး​ဆောင်ပြီးချင်းပြည်အစိုးရကိုဖွဲ့စည်း​ကြောင်း​ကြေညာပါတယ်။