Connect with us

Hi, what are you looking for?

LuduNwayOo

News

ကပစ(၁၉)သို့ သွယ်တန်းထားသည့် ဓာတ်တိုင်အား ဖောက်ခွဲဖျက်ဆီးခဲ့ဟု ပြည်PDF ထုတ်ပြန်

ပြည် PDF အနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချုပ်ရေးအား နည်းလမ်းအသွယ်သွယ်ဖြင့်ဟန့်တားဖြတ်တောက်လျှက်ရှိကြောင်း၊ ပြည်သူများအနေနှင့်လည်း စစ်ကောင်စီအား အထောက်အကူဖြစ်စေသော မီတာခအားမပေးဆောင်ရန်မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ခဲ့သည်။

ပြည်သူများစစ်​ကောင်စီကိုမီတာမ​ဆောင်ရန်​မေတ္တာရပ်ခံ

ပဲခူးတိုင်းပြည်မြို့နယ်ရှိစစ်ကောင်စီတပ်၏ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၉) သို့သွယ်တန်းထားသောလျှပ်စစ် ဓာတ်အားတိုင်အားဖောက်ခွဲဖျက်ဆီးခဲ့ကြောင်းပြည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်(PDF)ကထုတ်ပြန်သည်။

ဇန်နဝါရီ ၂၂ရက် ညနေပိုင်းတွင်ကပစ (၁၉) သို့သွယ်တန်းထားသည့် ပျဉ်းမအိုင်ရွာ နှင့်မိန်းမရဲရွာကြားရှိ လျှပ်စစ်မီးတိုင်အား ပြည် PDF၏ တပ်ခွဲတခုဖြစ်သော People Shadow Ranger (PSR) က ဖေါက်ခွဲဖျက် ဆီးခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement

ပြည် PDF အနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချုပ်ရေးအား နည်းလမ်းအသွယ်သွယ်ဖြင့်ဟန့်တားဖြတ်တောက်လျှက်ရှိကြောင်း၊ ပြည်သူများအနေနှင့်လည်း စစ်ကောင်စီအား အထောက်အကူဖြစ်စေသော မီတာခအားမပေးဆောင်ရန်မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီအားမီတာခပေးဆောင်ခြင်းအားအပြင်းအထန်ရှုံချကြောင်းနှင့် မီတာခ ပေးဆောင်ရန် လိုက်လံနှိုးဆော်သော လူ အဖွဲ့အစည်းများအနေဖြင့် ရပ်တန်းကရပ်ရန်ပြင်းထန်စွာသတိပေးကြောင်း ဖော်ပြထားသည်။

ရှေ့ဆက်၍ ယခုထက်ပိုမိုပြင်းထန်သော တိုက်ခိုက်မှုများနှင့် စစ်အာဏာရှင်အား ထောက်ပံ့ပေးလျှက်ရှိသည့်ရေသောက်မြစ်များအား ဒဏ်ခတ်အရေးယူသွားမည်ဖြစ်ကြောင်းလည်း ပြည် PDFက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။