Connect with us

Hi, what are you looking for?

News

ကပစ(၁၉)သို့ သွယ်တန်းထားသည့် ဓာတ်တိုင်အား ဖောက်ခွဲဖျက်ဆီးခဲ့ဟု ပြည်PDF ထုတ်ပြန်

ပြည် PDF အနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချုပ်ရေးအား နည်းလမ်းအသွယ်သွယ်ဖြင့်ဟန့်တားဖြတ်တောက်လျှက်ရှိကြောင်း၊ ပြည်သူများအနေနှင့်လည်း စစ်ကောင်စီအား အထောက်အကူဖြစ်စေသော မီတာခအားမပေးဆောင်ရန်မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ခဲ့သည်။

ပြည်သူများစစ်​ကောင်စီကိုမီတာမ​ဆောင်ရန်​မေတ္တာရပ်ခံ

ပဲခူးတိုင်းပြည်မြို့နယ်ရှိစစ်ကောင်စီတပ်၏ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၉) သို့သွယ်တန်းထားသောလျှပ်စစ် ဓာတ်အားတိုင်အားဖောက်ခွဲဖျက်ဆီးခဲ့ကြောင်းပြည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်(PDF)ကထုတ်ပြန်သည်။

ဇန်နဝါရီ ၂၂ရက် ညနေပိုင်းတွင်ကပစ (၁၉) သို့သွယ်တန်းထားသည့် ပျဉ်းမအိုင်ရွာ နှင့်မိန်းမရဲရွာကြားရှိ လျှပ်စစ်မီးတိုင်အား ပြည် PDF၏ တပ်ခွဲတခုဖြစ်သော People Shadow Ranger (PSR) က ဖေါက်ခွဲဖျက် ဆီးခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement

ပြည် PDF အနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချုပ်ရေးအား နည်းလမ်းအသွယ်သွယ်ဖြင့်ဟန့်တားဖြတ်တောက်လျှက်ရှိကြောင်း၊ ပြည်သူများအနေနှင့်လည်း စစ်ကောင်စီအား အထောက်အကူဖြစ်စေသော မီတာခအားမပေးဆောင်ရန်မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီအားမီတာခပေးဆောင်ခြင်းအားအပြင်းအထန်ရှုံချကြောင်းနှင့် မီတာခ ပေးဆောင်ရန် လိုက်လံနှိုးဆော်သော လူ အဖွဲ့အစည်းများအနေဖြင့် ရပ်တန်းကရပ်ရန်ပြင်းထန်စွာသတိပေးကြောင်း ဖော်ပြထားသည်။

ရှေ့ဆက်၍ ယခုထက်ပိုမိုပြင်းထန်သော တိုက်ခိုက်မှုများနှင့် စစ်အာဏာရှင်အား ထောက်ပံ့ပေးလျှက်ရှိသည့်ရေသောက်မြစ်များအား ဒဏ်ခတ်အရေးယူသွားမည်ဖြစ်ကြောင်းလည်း ပြည် PDFက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ