Connect with us

Hi, what are you looking for?

News

မြောင်တွင် စစ်​ကောင်စီတပ်ကို မိုင်းခွဲတိုက်ခိုက်ရာ​သေဆုံးထိ့ခိုက်မှုများဟု ညီ​နောင်မဟာမိတ်များအဖွဲ့ ထုတ်ပြန်

“ဝမ်းသာမျက်ရည်တောင် ကျတယ် ရဲဘော်တွေအားလုံး။အစီအစဥ်ထဲကအတိုင်း ဖြစ်လာလို့ အားလုံးလဲ ပျော်နေကြတယ်။”ဟုမြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေး အထူးတပ်ဖွဲ၏ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ပြောသည်။

(ညီ​နောင်မဟာမိတ် အဖွဲ့ဝင်တပ်သားများ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် ကျေးရွာများသို့စစ်ကြောင်းထိုးလာသော အာဏာသိမ်းစစ်ကောင်စီတပ်အား မဟာမိတ်၃ဖွဲ့ ပူးပေါင်းပြီး ခုခံတိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်မှုများပြားကြောင်း ညီနောင်မဟာမိတ်အဖွဲ့များက သတင်းထုတ်ပြန်သည်။

မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းမှ ထွက်ခွာလာသော အင်အား (၅၀) ခန့်သည် မြောင်မြို့နယ် တမဆေးကန်ရွာ၌ ညအိပ်တပ်စွဲ၍ ယနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့နံနက်ပိုင်းက ပြန်လည်ထွက်ခွာလာရာ ထို စစ်ကြောင်းကို နဘက်တာ တစ်နေရာတွင် 27 Revolution Forces(မြင်းခြံ)၊ Myaung Special People’s Defense Force – MSPDF ၊ Myaung Generation Guerilla Force
(MGGF)ညီနောင်မဟာမိတ်(၃)ဖွဲ့မှ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းအားမိုင်း (၃)လုံးဖြင့်ဆီးကြိုတိုက်ခိုက်ခဲ့ကြောင်း မဟာမိတ်အဖွဲ့များကထုတ်ပြန်သည်။

(ညီ​နောင်မဟာမိတ် အဖွဲ့ဝင်တပ်သားများ)

ထိုစစ်ဆင်ရေးတွင် မိုင်းများပေါက်ကွဲ၍ မိုင်းစများသည် အင်အား(၅၀)စစ်ကြောင်းအလယ်ဗဟိုအား ထိမှန်သဖြင့်စစ်​ကောင်စီတပ်သားလေးဦးနေရာတွင်ပင်ငိုက်ကနဲလဲကျသွားပြီး ကျန်စစ်သားများ မှောက်ရက်ပက်လက်ကျအနေအထားများဖြင့်လဲကျကာ ဒဏ်ရာအပြင်းအထန်(၂၀)ဝန်းကျင်ခန့် ဖြင့် ကျေးရွာတစ်ရွာတွင် ကုသနေကြောင်း၊ အလောင်းများကိုလည်း ဆွဲ၍ တစ်နေရာတွင် မြုပ်ထားခဲ့ကြောင်း သတင်းရရှိထားသည်ဟု ထုတ်ပြန်ချက်တွင်​ဖော်ပြထား သည်။

“ဝမ်းသာမျက်ရည်တောင် ကျတယ် ရဲဘော်တွေအားလုံး။အစီအစဥ်ထဲကအတိုင်း ဖြစ်လာလို့ အားလုံးလဲ ပျော်နေကြတယ်။”ဟုမြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေး အထူးတပ်ဖွဲ၏ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ပြောသည်။

Public Service Announcement

Public Service Announcement

(ညီ​နောင်မဟာမိတ် အဖွဲ့ဝင်တပ်သားများ)

သေဆုံးသူ အကြမ်းဖက်စစ်သားဦးရေထပ်တိုးလာသည်ဟုသိရပြီး သတင်းထပ်မှန်တင်ပြသွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်စစ်တပ်သည် မြောင်မြို့နယ်အတွင်းကျေး​ရွာ အများစုတွင်စစ်ကြောင်းထိုးတပ်စွဲနေကြောင်း၊ ဖောက်ခွဲခဲ့သော မိုင်းများသည် ပြည်သူလူထုလှူထားသောအလှူငွေများဖြင့်သာထုတ်လုပ်သုံးစွဲနေသော မိုင်းများဖြစ်ကြောင်း မဟာမိတ်အဖွဲ့များကအသိပေးသည်။

မဟာမိတ်ညီနောင်တပ်ဖွဲ့များသည် ဇန်နဝါရီလ ၁၉ ရက်နေ့က ငါန်းဇွန်မြို့နယ်၊ မိုးတောင်ရွာနှင့်ငါန်းမြာကြီးရွာ ကြားတွင် အကြမ်းဖက်စစ်တပ်စီးလာသော ဆိုင်ကယ်၂စီးကို မိုင်း၅ လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သားနှစ်ဦးသေဆုံးခဲ့သည်။

ဇန်နဝါရီလ ၂၀ ရက်နေ့ကလည်း မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့မှထွက်လာသော အကြမ်းဖက်စစ်တပ်ကားတစ်စီးအား ဆီမီးခုံမြို့တောင်ဘက် ကတောရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။