Connect with us

Hi, what are you looking for?

News

ဟိုပင်တိုးဂိတ်အနီး တိုက်ခိုက်မှုတွင် စစ်ကြောင်းမှူးအပါအဝင် စစ်ကောင်စီတပ်မှ ၁၄ဦးသေဟု PDF ထုတ်ပြန်

ယမန်နေ့ တိုက်ပွဲတွင် PDF တပ်ဖွဲ့ဝင်များထိခိုက်ကျဆုံးမှု မရှိဟုလည်း ထုတ်ပြန်ထားသည်။

(ကချင်​ဒေသမှ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်တစ်ဦး ဓါတ်ပုံ-PDF)

ကချင်ပြည်နယ် မိုးညှင်းမှ မိုးကောင်းဘက်သို့ တက်လာသည့် စစ်ကောင်စီယာဉ်တန်းကို ဟိုပင် တိုးဂိတ်အနီးတွင် တိုက်ခိုက်ခဲ့ရာ ရန်သူ့ဘက်က ယာဉ်တန်း စစ်ကြောင်းမှူး အပါအဝင် စစ်ကောင် စီတပ်ဖွဲ့ဝင် ၁၄ဦးသေဆုံးခဲ့ကြောင်း ဟိုပင်ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ထုတ်ပြန်သည်။

ယမန်နေ့ (ဇန်နဝါရီ ၂၈ရက်)က မိုးညှင်းမှ မိုးကောင်းဘက် တက်လာသည့် တင့်ကားပါ​သောစစ်ကောင်စီယာဉ်တန်းကို ၅မိုင်နှင့် ကြားကြီးကွင်းတွင် မိုင်းဖြင့် တိုက်ခိုက်ခဲ့ပြီး ဟိုပင်တိုးဂိတ်အနီးတွင် ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ဟိုပင်တိုးဂိတ် တိုက်ခိုက်မှုတွင် ယာဉ်တန်း စစ်ကြောင်းမှူး အပါအဝင် ၁၄ဦးသေဆုံးပြီး ၊ငါးမိုင် -ကြာကြီးကွင်းကြား မိုင်းဆွဲ တိုက်ခိုက်ရာတွင်လည်း ဒု – စစ်ကြောင်းမှူးပါသေဆုံးကြောင်း ဟိုပင် PDFက ယနေ့ ထုတ်ပြန်သည်။ စစ်ကောင်စီတပ်မှ ဒဏ်ရာရှိ ၃၂ ဦးဝန်းကျင်ရှိကြောင်းလည်းဖော်ပြသည်။

ယမန်နေ့ တိုက်ပွဲတွင် PDF တပ်ဖွဲ့ဝင်များထိခိုက်ကျဆုံးမှု မရှိဟုလည်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။