Connect with us

Hi, what are you looking for?

LuduNwayOo

News

ဟိုပင်တိုးဂိတ်အနီး တိုက်ခိုက်မှုတွင် စစ်ကြောင်းမှူးအပါအဝင် စစ်ကောင်စီတပ်မှ ၁၄ဦးသေဟု PDF ထုတ်ပြန်

ယမန်နေ့ တိုက်ပွဲတွင် PDF တပ်ဖွဲ့ဝင်များထိခိုက်ကျဆုံးမှု မရှိဟုလည်း ထုတ်ပြန်ထားသည်။

(ကချင်​ဒေသမှ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်တစ်ဦး ဓါတ်ပုံ-PDF)

ကချင်ပြည်နယ် မိုးညှင်းမှ မိုးကောင်းဘက်သို့ တက်လာသည့် စစ်ကောင်စီယာဉ်တန်းကို ဟိုပင် တိုးဂိတ်အနီးတွင် တိုက်ခိုက်ခဲ့ရာ ရန်သူ့ဘက်က ယာဉ်တန်း စစ်ကြောင်းမှူး အပါအဝင် စစ်ကောင် စီတပ်ဖွဲ့ဝင် ၁၄ဦးသေဆုံးခဲ့ကြောင်း ဟိုပင်ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ထုတ်ပြန်သည်။

ယမန်နေ့ (ဇန်နဝါရီ ၂၈ရက်)က မိုးညှင်းမှ မိုးကောင်းဘက် တက်လာသည့် တင့်ကားပါ​သောစစ်ကောင်စီယာဉ်တန်းကို ၅မိုင်နှင့် ကြားကြီးကွင်းတွင် မိုင်းဖြင့် တိုက်ခိုက်ခဲ့ပြီး ဟိုပင်တိုးဂိတ်အနီးတွင် ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ဟိုပင်တိုးဂိတ် တိုက်ခိုက်မှုတွင် ယာဉ်တန်း စစ်ကြောင်းမှူး အပါအဝင် ၁၄ဦးသေဆုံးပြီး ၊ငါးမိုင် -ကြာကြီးကွင်းကြား မိုင်းဆွဲ တိုက်ခိုက်ရာတွင်လည်း ဒု – စစ်ကြောင်းမှူးပါသေဆုံးကြောင်း ဟိုပင် PDFက ယနေ့ ထုတ်ပြန်သည်။ စစ်ကောင်စီတပ်မှ ဒဏ်ရာရှိ ၃၂ ဦးဝန်းကျင်ရှိကြောင်းလည်းဖော်ပြသည်။

ယမန်နေ့ တိုက်ပွဲတွင် PDF တပ်ဖွဲ့ဝင်များထိခိုက်ကျဆုံးမှု မရှိဟုလည်း ထုတ်ပြန်ထားသည်။