Connect with us

Hi, what are you looking for?

LuduNwayOo

News

နတ်တလင်းပြည်သူများ အသံတိတ်သပိတ်တွင် ပူး​ပေါင်းပါဝင်​ပေးကြရန် နတ်စစ် PDF ​မေတ္တာရပ်ခံ

စျေးဆိုင်များအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ အန္တရာယ်ပေးခြင်းမှ ကင်းဝေးစေရန် ဆိုင်ဖွင့်ထားပြီး သက်မှတ်အချိန်အတွင်း ဆိုင်အတွင်းသာနေထိုင်ကာ အပြင်သို့သွားလာခြင်း မပြုလုပ်ဘဲ ပူးပေါင်းပါဝင်ပေးရန် နတ်စစ်သည် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မေတ္တာရပ်ခံသည်။

ပဲခူးတိုင်း နတ်တလင်းမြို့နယ်ရှိ ပြည်သူများအ​နေဖြင့် အကြမ်းဖက်စစ်တပ်နှင့် အာဏာရှင်စနစ်ကို လုံးဝလက်မခံကြောင်း ပြသသည့်အနေဖြင့် လာမည့်ဖေဖော်ဝါရီ၁ ရက်ပြုလုပ်မည့် အသံတိတ်သပိတ်၌ ပူးပေါင်းပါဝင်ပေးကြရန် နတ်စစ်သည် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မေတ္တာရပ်ခံသည်။

နတ်တလင်းမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ဒီမိုကရေစီတိုက်ပွဲအတွင်း အသက်ပေးသွားကြသူများ၊ ထောင်တွင်းအကျဥ်းချခံနေရသူများ၊ CDM ပြုလုပ်နေကြသော ဝန်ထမ်းများ၊ စစ်ဘေးရှောင်ပြည်သူများ၊ နေအိမ်မီးရှိူ့ခံရသူများအား စာနာလေးစားတန်ဖိုးထား အသိအမှတ်ပြုခြင်းနှင့် မတရားဖိနှိပ် ရက်စက်ယုတ်မာ သတ်ဖြတ်နေသော အကြမ်းဖက်စစ်တပ်နှင့် အာဏာရှင် စနစ်ကို လုံးဝလက်မခံကြောင်း ပြသသည့်အနေဖြင့် လာမည့်ဖေဖော်ဝါရီ ၁ရက် အသံတိတ်သပိတ်တွင် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ အပြင်သို့လုံးဝမထွက်ခြင်းဖြင့် ပူးပေါင်းပါဝင်ပေးကြရန် မေတ္တာရပ်ခံတိုက်တွန်းကြောင်း နတ်စစ်သည်အဖွဲ့က ယနေ့(ဇန်နဝါရီ ၂၉) ထုတ်ပြန် သည်။

စျေးဆိုင်များအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ အန္တရာယ်ပေးခြင်းမှ ကင်းဝေးစေရန် ဆိုင်ဖွင့်ထားပြီး သက်မှတ်အချိန်အတွင်း ဆိုင်အတွင်းသာနေထိုင်ကာ အပြင်သို့သွားလာခြင်း မပြုလုပ်ဘဲ ပူးပေါင်းပါဝင်ပေးရန် နတ်စစ်သည် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မေတ္တာရပ်ခံသည်။

ပြည်သူများအနေဖြင့် ဖေဖော်ဝါရီ ၁ ရက် မတိုင်မီ စျေးတစ်ရက်ကြိုဝယ်ထာားကာ အဆိုပါနေ့တွင် စျေးဝယ်ခြင်း၊ အပြင်ထွက်ခြင်းမလုပ်ခြင်းဖြင့် အာဏာရှင်စနစ်ကိုတွန်းလှန်သော သပိတ်တွင် ပူးပေါင်းပါဝင်ပေးကြရန် အထူးမေတ္တာရပ်ခံကြောင်း ထပ်မံ အသိပေးကြေညာထားသည်။

Public Service Announcement

Public Service Announcement

“မိဘပြည်သူများရဲ့ ပူးပေါင်းပါဝင်မှုဟာ အသက်စွန့်တိုက်ပွဲဝင်နေကြသော တော်လှန်ရေး ရဲဘော်များအတွက် ကြီးမားသော စိတ်ဓါတ်အင်အားတစ်ခု ရရှိစေပါတယ် ” ဟု နတ်စစ်သည် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြော သည်။

အကြမ်းဖက်စစ်ကောင်စီသည် လာမည့်ဖေဖော်ဝါရီ ၁ ရက်တွင် အသံတိတ်သပိတ်မပြုလုပ်ရန် လိုက်လံတားမြစ်ဖိအားပေးအကျပ်ကိုင်မှုများ ပြုလုပ်နေပြီး နတ်တလင်းမြို့ နယ်တွင် ဇန်နဝါရီ ၂၈ ရက်က အသံတိတ်သပိတ်၌ မပါဝင်ရန် စစ်ကောင်စီညွှန်ကြားချက်ကို ကျေးရွာအတွင်း အော်လံဖြင့် လိုက်အော်နေသူတစ်ဦးအား နတ်စစ်သည်အဖွဲ့က သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။